ဆရာတော် တွေ ရှင်းထားတာလေးကို အကျဉ်းလိုရင်း ရှင်းပြမယ်။
အာရုံအရိပ်က မရှိပညတ်၊ ခန္ဒာအပေါင်းစုဖွဲ့လို့မရပါ။
ဓမ္မစကြာ တရားတော် မှာ ဒုက္ခအာရိယသစွာတရားကို နားလည်ရန်ဘုရားက
ဥပါဒါန်၏ စွဲရာ အာရုံဖြစ်သော ခန္ဓာငါးပါး (ပဉ္စုပါဒါနက္ခန္ဓာ) ကို ဝိပဿနာ ဘာဝနာကမ္မဌာန်းရှုရမည်လို့ပြောထားတယ်၊ အာရုံ အရိပ်ကို ရှုခိုင်းတာမဟုတ်ပါ၊
ဒါကြောင့် ပညာဝိမုတ္တိ အယူဝါဒ က ဘုရားဓမ္မစကြာ ဟောတဲ့ အတိုင်းကျင့်ကြံတဲ့-လမ်းမဟုတ်ပါ။
အဲဒီ ခန္ဓာငါးပါး မှာ သံသရာဝဋ်ဆင်းရဲဒုက္ခတရားအဖြစ် သတ်မှတ်ထားတဲ့လောကီစိတ်စေတသိတ်နဲ့ ရုပ်တရားတို့ရဲ့ပါရမတ်တရားပေါ်မှာ အာရုံပြု ဝိပဿနာဘာဝနာ လက်တွေ့ ပွားများမှ ဒုက္ခအနိစ္စအနတ္တ ညဏ်အစစ်မှန်ရမှာ။
ပဉ္စုပါဒါနက္ခန္ဓာ- ဆိုတာ ရုပ်နာမ်ခန္ဓာငါးပါးအပေါ် ဥပါဒါန် (အထင်မှား)နဲ့ စွဲထားလို့ဖြစ်တဲ့ ဥပါဒါက္ခန္ဓာငါးပါး။
အရင်ဆုံး_ ခန္ဓာ၊ ဥပါဒါန်၊ ဥပါဒါက္ခန္ဓာ ဆိုတာတွေကို ရှင်းရှင်း သိရမယ်၊
ခန္ဓာ- တူညီသောအရာများအပေါင်းအစု
ဥပါဒါန်-အထင်မှား (တနည်း အသာ၀တရားလေးပါး၊ တဏှာဒိဋ္ဌိ)
ဥပါဒါနက္ခန္ဓာ-
ရုပ်နမ်တရားခန္ဓာဘဲရှိတဲ့အပေါ်ကို တဏှာ ဒိဋ္ဌိနဲ့ ဥပါဒါန်အထင်မှားမှုကြောင့် ဖြစ်ပေါ်လာတာ ဥပါဒါက္ခန္ဓာ။
ဘုရားက သီရိမာ ဆိုတဲ့အမျိုးသမီးကို စွဲလန်း နေတဲ့ ရဟန်းကို အာရုံတွေပါ အရိပ်တွေပါလို့ မဟောဘူး။
ရဟန်းကို သင်းချိုင်းခေါ်ပြီး သီရိမာရဲ့သုသာန် သွားတဲ့ တကယ်ခန္ဓာကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ ရှုခိုင်းပြီး ဥပါဒါန် အစွဲ ချွတ်ပေးတာ။
ဥပါဒါန် တကယ် စွဲရာ အာရုံ ဖြစ်တဲ့ မူရင်းခန္ဓာ ကို အမှန်သိအောင် လုပ်ခိုင်းတော့ ဥပါဒါန် အစွဲပြုတ်ပြီး ဘာအာရုံအရိပ်မှ ဖြစ်စရာ အကြောင်း တရားမရှိတော့ဘူး၊
အကြောင်းအစစ်အမှန်မှာရှင်းရတာ၊
တချို့ ဦးမောင်မောင်ရဲ့ နောက်လိုက် ဆရာတွေ ရုပ်ကြီး ကို သုသာန်သွားမဲ့ ခန္ဓာ ဘာတရားမှမရဘူး ပစ်ထားလိုက် လို့ ဟောတာတွေနဲ့ ဘုရား ဟော တခြားစီ။
သူတို့ဟောတဲ့ပုံတွေက ဘုရားဟော စာပေ အတိအကျ မရှိ။ ၊သူတို့ အထင်တွေနဲ့ ဟောနေတာတွေ၊
ဆဆက္ကသုတ်မှာ ဥပါဒါန် မစွဲအောင် ဖြေရှင်းပုံ ဘုရား အပြည့်အစုံဟောထားတယ်၊
ဆဆက္ကသုတ်တော်ကိုတကြိမ် ဟောပြီးတိုင်း ရဟန်း၅၀ လွတ်မြောက်တယ်၊
ဒီသုတ်တော်က တန်ဖိုးရှိလို့ ဆရာတော်ကြီး ၄-ပါး ဟောထားတာကို ရှာဖွေစုစည်းပြီး PDF စာအုပ် လုပ်ပေးထားတယ်၊ အသံဖိုင် ပါ ဒီ Telegram မှာ တင်ထားတယ်၊ ၄ပါး ဟောထားတာ
တပါး တမျိုးစီကောင်းတယ်။
https://t.me/Selected_Dhamma/746
ဒီဆရာတော်လေးပါး ဟောထားတာနာပြီး ရင်၊ ပညာဝိမုတ္တိ အဓမ္မ တရားဟောနေတဲ့ ဆရာတွေထက်ပို ပြီး မှန်ကန်တဲ့ အသိရပြီး ဒီဆရာတွေကို ပြန်သင်ပေးလို့ရပြီ၊
ဒီအယူဝါဒ နောက်လိုက် ဇာတာပါလာသူတွေ ဒီဘုရားဟောဆဆက္ကသုတ်တော် ဘာမှန်းတောင်မသိရှာဘူး။
သနားမိပါသည်။
အများသိပြီး လမ်းမှား မရောက်အောင် ရှယ်ပေးကြပါ သာဓုပါ။
52
45
2
1September 20, 2025 11.4K 1 10