ညောင်တုန်းဆရာတော် ဦးဇော်တိက ဘိဝံသက ယခုလိုင်း ပေါ်ပျံ့နေသော အဓမ္မ ပညာဝိမုတ္တိ အယူဝါဒရဲ့ အာရုံအရိပ် သီအိုရီ ဘုရားမဟောကြောင်း ဘုရားဟော စာပေနဲ့ အညီ ရှင်းပြထားပါသည်။
ဒီတရားကို နားလည်အောင် အကြိမ် ကြိမ်နာပါ၊ အလွန်တန်ဖိုးရှိပါသည်။
အဓမ္မ အယူဝါဒလမ်းမှား မရောက်သေးသူအတွက် ရှောင်နိုင်ရန်ရည်ရွယ်ပြီး အခြေခံသဘောကိုရေးလိုက်သည်။
ပျဉ်းမနားဦးမောင်မောင် စမ္မစကြာလမ်းနာမည်ကိုခုတုံးလုပ်ပြီး ဘုရားမဟော ပညာဝိမုတ္တိ လမ်း၊ သတိပဋ္ဌာန်း လမ်းထက်ပိုမြန်တယ်ဆိုတဲ့ အမြန် ညဏ်လမ်း အယူဝါဒသည် ဓမ္မစကြာလမ်းလုံးဝမဟုတ်ပါ။
ပညာဝိမုတ္တိ တိတ္တိအယူဝါဒီ တွေက ဥပါဒါနက္ခန္ဓာ ကို ဖြေရှင်းတာ မရောင်ရာဆီလူးပြီး
အာရုံအရိပ် ပညတ်မှာသွားရှင်းတယ်၊
အရိပ်တွေ မရှိတဲ့အရာလို့သူတို့ဘဲဆိုပါတယ်၊ ဟုတ်ပါတယ်။
မရှိတဲ့ပညတ်မှာ အဖြေရှာတာ အဓိပ္ပါယ်မရှိပါ၊ ပညတ်မှာဘယ်လိုလက္ခဏာရေးသုံးပါးမြင်မလဲ၊
အာရုံအရိပ်ရဲ့ ဖြစ်ကြောင်းတရားကိုယ်၊ အကြောင်းတရားအစစ်အမှန်ကိုမသိကြပါ၊
ဆရာတော် တွေ ရှင်းထားတာလေးကို အကျဉ်းလိုရင်း ရှင်းပြမယ်။
54
16September 20, 2025 9.3K 2 39