ကလေးရေ ကိုယ့်ရဲ့ ကြွက်မလေးရေ... မင်းနေလို့မကောင်းဖြစ်တဲ့အခါ… — စာ လွှာ — TG.ME

ကလေးရေ
ကိုယ့်ရဲ့ ကြွက်မလေးရေ...

မင်းနေလို့မကောင်းဖြစ်တဲ့အခါ
ပိုပြီးမနေတတ်မထိုင်တတ်နဲ့
စိတ်ပူတာ "ငါ"

မင်း မျက်နှာလေးညှိုးနေရင်
ဘာကြောင့်လဲဆိုတဲ့ အဖြေကို
မရမက သိချင်တာလဲ "ငါ"

မင်း ဒေါသထွက်ပုံပေါ်နေရင်
မရမက လိုက်ချော့ဖို့
ကြိုးစား မိတာလဲ "ငါ"

တကယ်တော့ ငါဟာ
မင်းနဲ့ပတ်သက်ရင်
အထိအရှ မခံနိုင်သူပါ...။

#ဏီရို
❤80👍5🤗5🍓4
January 31, 2025 10K 1 39