Morning ပါ ကလေးရေ ...🤍🤍🤍
ဒီအချိန်လောက်ဆို
နိုးလောက်ရောပေါ့
ပြီးတော့ ...
မနေ့က မပျော်ခြင်းတွေ
နာကျင်ကိုက်ခဲခြင်းတွေကို
ပြန် တွေးနေမိမယ်ထင်တယ်
မင်းအတွက်ရေးတဲ့စာလေးပါ ...
ကော်ဖီ ခွက်နဲ့ ဝေးနေတာကြာပြီဖြစ်တဲ့
မင်းအတွက်
မနက်ခင်းလေးမှာ
အတူရှိနေမယ်နော်ဆိုတဲ့
စကားလေး လက်ဆောင်ပေးထားတယ်
ဘယ်အချိန်မဆို ...
တစ်ခုခုဆို
တ လိုက်ရင် ရှိနေနိုင်ဖို့
အချိန်လေး ပေးထားတယ် ။
မနက်ခင်းတွေက
အရင်ကလောက်
ပျော်ဖို့ကောင်းမနေဘူး
ပြီးတော့ ...
လန်းဆန်းမနေဘူးလေ
ဒါပေမယ့်
အနည်းဆုံးတော့
မင်းပြုံးလိုက်နိုင်ရင်
အချိန်ခဏလေးတော့
လှသွားမှာပါ ...
သွားမပေါ်ချင်နေပါစေတော့
အလှဆုံးမဖြစ်ချင်နေပါစေတော့
ပြုံးတယ်ဆိုရုံလောက်
ပြုံးပြလဲ ဖြစ်ပါတယ်။
Morning ပါ ကလေးရေ
တစ်နေ့တာလုံးမှာ
အစစအရာရာ အဆင်ပြေပါစေနော် ။
#ကျေးကို
59
5
5
1January 23, 2025 8K 34