မင်း ပျော်နေတာကို ငေးပြီး ကိုယ်လည်း ပျော်အောင်နေပါတယ်… — စာ လွှာ — TG.ME

မင်း ပျော်နေတာကို ငေးပြီး
ကိုယ်လည်း ပျော်အောင်နေပါတယ် ...

တစ်နေ့နေ့တော့
ပြန်ချစ်ကောင်းပါရဲ့ဆိုတဲ့
မျှော်လင့်ချက်တွေက
တစ်နေ့ထက်တစ်နေ့
ပိုပြီး မသေချာလာတော့ဘူးလေ ...

ကိုယ်ချစ်တာကို
မြင်နိုင်ကောင်းပါရဲ့လို့
တစ်ချိန်လုံးတွေးခဲ့တာ
မြင်ပါရဲ့နဲ့ မမြင်ချင်ယောင်ဆောင်မှန်းကို
တစ်နေ့ထက်တစ်နေ့
ပိုပြီး သိလာရတယ် ။

မင်းရဲ့ အနာဂတ်မှာ
ကိုယ်မဟုတ်ရင် ပြီးရောဆိုတဲ့
အတွေးတွေများရှိနေတာလား
ဒါမှမဟုတ်
အချစ်ခံရတာထက်
ချစ်ပေးနေရတာကို
ပိုသဘောကျတာလား ...

မင်းမို့လို့
ပေါပေါပဲပဲ ပေးနေမိတာပါ
တကယ်တော့
ကိုယ့်အချစ်တွေက
မျက်ရည်နဲ့ ရင်းထားရတော့
ပိုပြီး တန်ဖိုးကြီးပါတယ် ။

မင်း ပျော်နေတာလေးပဲ
မြင်ချင်ပါတယ် ...
ပျော်အောင် ထားချင်တဲ့လူက
ကိုယ်ဖြစ်ချင်တယ်...

ဒါမှမဟုတ်
တစ်စုံတစ်ယောက်ကြောင့်
မင်းပျော်နေတာကို ငေးနေရရင်လည်း
အဆင်ပြေပါတယ် ။

#ကျေးကို
🥰24❤22💯4❤‍🔥3👌1
January 9, 2025 6.1K 20