လောကမှာ ​လောဘအကြီးဆုံးကလည်း Gemini ဖြစ်သလို ​လောဘမရှိဆုံးကလည်း… — စာ လွှာ — TG.ME

လောကမှာ ​လောဘအကြီးဆုံးကလည်း
Gemini ဖြစ်သလို
​လောဘမရှိဆုံးကလည်း Geminiပါပဲ

သူလိုချင်တဲ့​လောဘက
သူချစ်တဲ့လူဆီကရဖို့ပဲရှိတယ်

သူချစ်တဲ့လူဆီက အကုန်လိုချင်တယ်
အကုန်သိချင် အကုန် ​တွေ့ချင်
အကုန်ကြားချင်တယ်

တချိန်တည်းမှာပဲ
ချစ်တဲ့လူနဲ့ ​ဝေမျှတယ်
သူချစ်တဲ့လူတ​ယောက်က
ဆုတခုရခဲ့ရင်
မုန့်တခုစားရရင်
လက်​ဆောင်တခုရခဲ့ရင်
သူတို့ ခမျာ ပြုံး​နေတာပါပဲ

သူတို့မရလည်း ​လောဘမရှိ
မနာကျင်ပါ
ဘာလို့လဲဆို "မင်း" ဖြစ်​နေလို့

မင်းကလှလိုက်တာလို့ စိတ်ချမ်းသာ​နေတဲ့
အချစ်ကို ​ငေးကြည့်​နေတဲ့
ချစ်တတ်သူပါပဲ

ငါမရလို့
ငါဆုမရလို့
ငါမစားရလို့ဆိုတာ သူများအတွက်​တော့
ဖြစ်ချင်ဖြစ်လိမ့်​ပေမဲ့
ချစ်ရသူအတွက်က​တော့
ကြည်နူးမှုပဲရှိပါတယ်

သူများကို ဒုက္ခ​ပေးတာရှိတယ်
​လောဘကြီးတယ်ဆိုခဲ့ရင်​တောင်
ချစ်မိတဲ့လူအ​ပေါ် ဘာ​လေးများ ​ဖြည့်​ပေးရမလဲ
​စောင့်​နေကြတာပါရယ်

နည်းနည်း​လေး စကားများတာရယ်
အဆက်အစပ်မရှိ ​ပေါက်ကရ​လေး​တွေ​ပြောတတ်တာရယ်
အ​တွေး​တွေများတာရယ်

ပြီး​​တော့ သဝန်တိုလွယ်ပြီး
သူမှ သူဖြစ်​​စေချင်တာကလွဲရင်
ပြုံးပြီး ကြည့်​နေတတ်တဲ့ လူစားမျိုးပါ

​ပေါက်ကရ​လေး​တွေ​ပြောမယ်
ခပ်​ပေါ​ပေါ​လေး​တွေ လုပ်တယ်
သူစိတ်ချမ်းသာတဲ့ ​နေရာ​လေးမလို့ပါရယ်

ခု​ရေးပြလိုက်တာက​တော့
သူတို့ဘယ်လိုချစ်လဲ ဆိုတဲ့ weekရဲ့ ပထမဆုံး geminiကို စ​ပြောတာပဲဖြစ်ပါတယ်
Credit

Admin လဲ Gemini ပဲ
❤37👍7✍3
December 24, 2024 6.3K 21