Novel ⚽ Agent & Arsenal New: post #249 — TG.ME

🔴 တိုမီယဆုရဲ့ ဒူးဒဏ်ရာဟာ ဘယ်လိုမှ သက်သာလာခြင်း မရှိတာကြောင့် ဒီရက်ပိုင်းအတွင်းကပဲ ခွဲစိတ်ကုသမှု ခံယူလိုက်ရတယ်လို့ သိရပါတယ်။ ဒါကို ဂျပန်ကြီးကိုယ်တိုင်ကလလည်း အတည်ပြုခဲ့ပါတယ်။

"ကျွန်တော် ဒူးခွဲလိုက်ရတယ်။ အခုချိန်မှာတော့ ကျွန်တော် ချစ်တဲ့ ဘောလုံးဆီ ပြန်လာနိုင်ဖို့အတွက် ပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာဖို့ စတင်‌နေပါပြီ။"

"ကျွန်တော့်အတွက် အခက်ခဲဆုံး ကာလတွေပါပဲ။ လိုတာထက် ပိုကြာသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အရှုံးမပေးပါဘူး။ အားပေးကြတဲ့ပရိသတ်‌တွေကိုလည်း ကျေးဇူးတင်ပါတယ်။" ဆိုပြီး တိုမီယဆုက ပြောသွားပါတယ်။

ကာလရှည် ထပ်နားရဦးမဲ့ အသက် (၂၆) နှစ်သားဟာ နောက်ရာသီအစပွဲစဉ်တွေကိုပါ လွဲချော်နိုင်ပါတယ်။

Ref: Daily Mail
EG
February 19, 2025 726