ပြဿနာက အဖော်အပေါင်းများနဲ့လာ ဆိုသလို မနေ့က ရှုံးပွဲအပြီး ဟားဗက်ရဲ့ ဇနီးသည်နဲ့ ဟားဗက်ဆီ အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်စာတွေ ရရှိခဲ့ပါတယ်။ အရှေ့မှာ ရှာခါတုန်းကလည်း ဒီလို ပရိတ်သတ်တွေ ဆဲဆိုမှုတွေကြောင့် အသင်းကထွက်ခွာမယ်ဆိုတဲ့အထိ စိတ်ဓါတ်ကျမှုတွေဖြစ်ခဲ့ပေမယ့် အာတေတာ ချော့မော့တာကြောင့် အသင်းနဲ့ ပြန်လက်တွဲပြီး ပရိတ်သတ်အချစ်တော် ကစားသမား ပြန်ဖြစ်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဟားဗက်ကြုံရတဲ့ အဖြစ်က ရှာခါထက် အများကြီးပိုဆိုးရွားပြီး မွေးကင်းစ ကလေးငယ်အသက်ပါ ခြိမ်းခြောက်တဲ့ စာတွေ ပါဝင်နေပါတယ်။ ဒါက ဟားဗက် ဒီအသင်းအတွက် ဆက်ကစားပေးချင်စိတ်ပါ ထိခိုက်နိုင်သလို အသစ်လာမယ့် ကစားသမားတွေလည်း ဒီလိုဖြစ်ရပ်မျိုးရှိတဲ့ အသင်းကို ပြောင်းလာဖို့ အများကြီး ထည့်စဉ်းစားလာနိုင်ပါတယ်။ ဒီတော့ ဆိုးသွမ်းဖန်တချို့ရဲ့ ခြိမ်းခြောက်စာ နောက်ဆက်တွဲပြဿနာဟာ ကျန်အသင်းသားတွေရဲ့ စိတ်ဓါတ်ပိုင်းပါ ထိခိုက်စေနိုင်ပြီး အာတေတာအနေနဲ့ ဘယ်လို တည့်မတ်မလဲ ဟားဗက်ဘယ်လို တုံ့ပြန်လာမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။ Ch@n-G Crd
Novel ⚽ Agent & Arsenal New: post #242 — TG.ME
January 13, 2025 287