Novel ⚽ Agent & Arsenal New: post #241 — TG.ME

No More Red campaign ဆိုတာ ဘာလဲ?

No more red campaign ဆိုတာ Arsenal နဲ့ Adidas တို့ ၂၀၂၂ မှာ အစပြုခဲ့တဲ့ Campaign တစ်ခုဖြစ်ပါတယ်။

ဘာကို ရည်ရွယ်တာလဲဆိုတော့
ဓားထိုးခံရမှုတွေ
လူငယ်အကြမ်းဖက်မှုတွေ လျော့ကျလာအောင်
လူထု သတိပြုမိလာအောင် ရည်ရွယ်တာဖြစ်ပါတယ်။

၂၀၂၀ ဇွန်ကနေ ၂၀၂၁ ဇွန်အထိ လန်ဒန်တစ်မြို့တည်းမှာတင် ဓ ားထိုးမှု ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၁ တစ်နှစ်တည်းမှာလည်း ဆယ်ကျော်သက်လေးတွေ အသ တ်ခံရမှုက အမြင့်ဆုံးဖြစ်ခဲ့ပြီး အများစုရဲ့ လက် နက် က ဓ ား ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် Adidas အနေနဲ့ အာဆင်နယ်အသင်း၏ လူထုအကျိုး အထောက်အကူပြုနေမှုအပေါ် ပူးပေါင်းပြီး No more red campaign ကို စတင်လိုက်တာ ဖြစ်ပါတယ်။ ၂၀၂၂ ကနေ စတင်ခဲ့ကာ ယခု ၂၀၂၅ ဆိုရင် ၄ နှစ်တိုင်ပြီ ဖြစ်ပါတယ်။

ဒီ campaign မှတဆင့် Adidas သည်

လူငယ်လေးတွေအတွက် လုံခြုံပြီး အပြုသဘောဆောင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသွားကာ ၄င်းတို့၏ ကောင်းမွန်တဲ့ ပါရမီကို ပြုစုပျိုးထောင်ပေးသွားပြီး ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေရရှိလာဖို့ ရည်ရွယ်ပါတယ်။

- လုံခြုံပြီး စိတ်ချရမယ့် ဘောလုံးကစားဖို့ နေရာတွေ ဖန်တီးပေးမယ်။
- No more red campaign ကနေ ကလေးတွေရဲ့ မီးခဲပြာဖုံးနေတဲ့ ပါရမီလေးတွေကို ပျိုးထောင်ပေးမယ်။ Idris Elba, Ian Wright, DJ Emerald Rose Lewis, Reuben Dangoor တို့လို နာမည်ကြီးတွေက ဝန်းရံပေးမယ်။

Adidas က ယခုလို ကြေငြာပါတယ်။
" No more red အစီအစဥ်ကို ၄ နှစ်မြောက် အကောင်အထည်ဖော်နိုင်ခဲ့လို့ အတိုင်းမသိ ဂုဏ်ယူမိတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ အားကစားဆိုတာ အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာ သိစေချင်တာပါ။ အာဆင်နယ်၊ တစ်ခြား ပါတနာတွေ၊ ပတ်ဝန်းကျင်ကို ကောင်းမွန်စွာအထောက်အကူပြုနေတဲ့ လူငယ်လေးတွေနဲ့ လက်တွဲခွင့်ရတာလည်း တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံပါပဲ။"

ဒက်ကလန် ရိုက်စ်က ယခုလို ပြောသွားပါတယ်။
" No more red အင်္ကျီကို ဝတ်ဆင်ရမှာ ဂုဏ်ယူဖို့ အရမ်းကောင်းတယ်။ ကျွန်တော်တို့ ပရိသတ်နဲ့ ကျွန်တော်တို့ကြားမှာ ဒီလို နားလည်ချိတ်ဆက်မှုရှိနေခြင်းဟာ ကျွန်တော်တို့အနေနဲ့ သူတို့တွေကို တကယ်နားလည်သွားစေပြီး ကစားသမားတွေအနေနဲ့လည်း သက်ငယ်အကြမ်းဖက်မှုတွေကို ပတ်ဝန်းကျင်မှာ အာရုံစိုက်မိစေဖို့ ကူညီရာရောက်ပါတယ်။"

လူထုရဲ့ဒီအကြောင်းအရာတွေက ကျွန်တော်တို့ကို ပိုကြိုးစားချင်စိတ်ဖြစ်အောင် တွန်းအားပေးပါတယ်။ ပရိတ်သတ်တွေရဲ့ တွန်းအားနဲ့အတူ အောင်ပွဲတွေ ယူကြရမှာပါ။"

#Gunner_Myanmar 🚩
#Crd_ArsenalMyanmar
#COYG 🔴
Crd
January 12, 2025 188