New Year လက်ဆောင်ပါ 🎁
University of the People aka Uopeople
Uopeople ဆိုတာ NYU, Columbia University, Princeton University စတဲ့ထိပ်သီးကျောင်းတွေက ဘုတ်အဖွဲ့ဝင်တွေနဲ့ စုပေါင်းတည်ထောင်ထားတဲ့ online university တစ်ခုပါ။ Uopeople မှာနှစ်စဉ်နှစ်တိုင်း ကမ္ဘာအရပ်ရပ်က ကျောင်းသားပေါင်း သန်းချီတက်ရောက်ကျပါတယ်။ Online သီးသန့်ကျောင်းဖြစ်တာကြောင့် website ကိုသေချာ ဆွဲထားရုံမကပဲ MOODLE mooc ကိုလဲသုံးထားပါတယ်။
တက်မဲ့ကျောင်းသားတွေမှာ ရွေးစရာ degree တွေက Business Administration, Computer Science, Health Science, Education (master’s only) ဆိုပြီးလေးမျိုးရှိပါတယ်။ အထက်တန်းအောင်ပြီးတဲ့ ကျောင်းသားတွေက Bachelor ကိုတက်လို့ရပါတယ်၊ ကိုယ့်ရဲ့ native က English language မဟုတ်ရင် proficiency test score ပြရပါတယ်၊ မဟုတ်သူတို့ဆီမှာ English composition 1 ဆိုပြီး ပြန်တက်ရပါတယ်။
Uopeople ကစထောင်တုန်းက လူသိမများပေမယ့် COVID-19 နောက်ပိုင်းမှာတော့ ကျောင်းတွေ online system ဖြစ်လာတာနဲ့အမျှ ပိုနာမည်ကြီးလာတာဖြစ်ပါတယ်၊ ဒါ့အပြင် Uopeople ကနေ Bachelor ရထားတဲ့လူတွေက သူတို့ဆီကဘွဲ့နဲ့ US က public university တွေ၊ တချို့ Canada, UK ဘက်ကကျောင်းတွေအထိပါ Master သွားတက်လို့ရပါတယ်။ GPA ကိုတော့ 3.0 နဲ့အထက် ရှိထားရင် ပိုကောင်းမှာပါ။
Uopeople စာသင်ကြားပုံ
Moodle မှာ sign-up လုပ်လိုက်ပြီဆိုရင် လူ ၅၀လောက်ရှိတဲ့ group တစ်ခုနဲ့ instructor တစ်ယောက်ကို အလိုလို assigned လုပ်ပေးလိုက်ပါတယ်။ သူက Moodle မှာ ကိုယ်တစ်ပတ်စာ လုပ်ရမယ့် သင်ခန်းစာကို ချထားပေးပြီး အဲ့ deadline အတွင်းမှီအောင် လုပ်ရတာပါ။ Reading လဲများသလို paper တွေ discussion တွေလဲများများရေးရတာကြောင့် အချိန်တော့ တော်တော်ပေးရပါတယ်။ ကိုယ်ယူတဲ့ course ကို စာသင်ပတ်တစ်ပတ်လုံး instructor က guide လုပ်ပေးပါတယ်။ လိုင်းပေါ်က Live သင်ပေးတာမဟုတ်ပေမယ့် မသိတာရှိရင် Moodle ပေါ်ကတစ်ဆင့် instructor ကိုသွားမေးလို့ရပါတယ်။ Overall ကြည့်ရရင် ကောင်းကောင်း design လုပ်ထားတဲ့ online curriculum လို့ပြောလို့ရပါတယ်။ Writing ethics တွေလည်း အတော်သိပြီးတော့ international standard မှီအောင်ရေးတက်မှာ အသေချာပါပဲ။
Online ဆိုပေမယ့် ခိုးချတာ (plagiarize) လုပ်တာမျိုးမရပါဘူး၊ မိရင် ကျောင်းထွက်ရတဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ Plagiarism အကြောင်းကတော့ အတော်အလေးထားတဲ့ US culture ကျောင်းစဝင်ထဲက ဖတ်ပြီးသိအောင်လုပ်ထားသင့်တဲ့ထဲပါပါတယ်။
Upside of Uopeople
Accredited university ဖြစ်တဲ့အပြင် တခြား public university တွေကို transfer လုပ်လို့ရတာသူ့အားသာချက်ပါ။ Associate ပြီးလို့ တခြားနိုင်ငံကကျောင်းကို transfer လုပ်လို့ရရင် ဟိုကို third year နဲ့ရောက်သွားမှာမလို့ အကုန်အကျသက်သာပါတယ်။
Scholarship လည်းတကယ်ပေါတဲ့ ကျောင်းပါ၊ အထူးသဖြင့် မြန်မာကကျောင်းသားတွေအတွက် သီးသန့် scholarship နှစ်ခုတောင်ရှိပါတယ်။ သိရသလောက်တော့ မြန်မာမှာတက်နေတဲ့လူတွေ အားလုံးနီးပါး scholarship နဲ့တက်နေကြတာပါ။ Real fees ကတော့ 120$ per course ပါ။ ဘွဲ့ရဖို့ထိဆိုရင်တော့ စုစုပေါင်း $4000ကျော် ကုန်ပါတယ်။ ဒါပေမယ့် scholarship ပေါတာကြောင့် လက်တွေ့မှာ ဒီလောက်မကုန်ပါဘူး။
Downsides of Uopeople
Self-study ဖြစ်တာကြောင့် စာတွေကခက်ရင် တခါတလေ ယောင်လည်လည်ဖြစ်တတ်ပါတယ်။ Instructor ဆီမေးလို့ရပေမယ့် 24/7 stand by မဟုတ်ပဲ ၂ရက် ၃ရက်မှပြန်ဖြေပေးတာကြောင့် ကိုယ်ကချက်ချင်းသိချင်ရင် အခက်အခဲရှိပါတယ်။
Grading ပေးတဲ့အခါမှာ instructor ပေးတာအပြင် အချို့ activities တွေမှာ စာသင်သားအချင်းချင်းပေးခိုင်းတာကြောင့် ကိုယ့် paper ကို review လုပ်တဲ့လူက အကဲဖြတ်ညံ့ရင်/ စိတ်ထားမမှန်ရင် အမှတ်တွေ နည်းသွားတတ်ပါတယ်။
Curriculum ကအမှန်တော့ အလုပ်တစ်ဖက်နဲ့ ကျောင်းမပြီးတဲ့လူတွေအတွက် ပိုသင့်တော်တဲ့ theory focus curriculum ဖြစ်ပါတယ်။
Notes: ကျောင်းက ဘွဲ့လည်းရတယ် အလကားနီးပါးတက်ရတယ်ဆိုပြီး လွယ်လွယ်မအပ်စေချင်ပါဘူး။ ကိုယ်နဲ့ကိုက်လား အဆုံးထိတက်နိုင်လား သေချာစဉ်းစားပြီးမှ အပ်စေချင်ပါတယ်။ ပြီးပြီးရောအပ်ပြီး ဆက်မတက်ဖြစ်ရင် Uopeople မှာ မြန်မာက ကျောင်းသားတွေ absent များတာ record ဝင်သွားမှာပါ။ ကြာရင် scholarship မပေးတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ အားလုံးပဲ ကိုယ်နဲ့သင့်မသင့် တော်မတော်စဉ်းစားပြီးမှအကောင်းဆုံးကို ဆုံးဖြတ်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒါက official website ပါ
https://www.uopeople.edu/
Facebook မှာလည်း Uopeople@Myanmar ဆိုပြီး private group ရှိပါတယ်၊ ဒီထက်သိချင်ရင် အဲ့ group ထဲဝင်ပြီး admin တွေရေးထားတာ လိုက်ဖတ်လိုက်ပါ။
Have a good night, Everyone.
Happy New Year!!!

University of the People
Online University, Tuition-Free, Accredited Degrees | University of the People - Online College
Earn your degree with our flexible, tuition-free online programs. Access quality higher education, study from anywhere in the world, and join 170,000 students today!
January 1, 2022 6.6K 42