လူတွေဟာ အနည်းနဲ့အများ
နာကျင်နေကြ ခက်ခဲနေကြတာချည်း
ပဲဆိုတော့ ယုံကြည်လို့ မရကောင်းလားလို့ လိုက်အပြစ်တင်မနေသင့်တော့ဘူး ။
အဲ့အစား ယုံယုံကြည်ကြည်
ကျောပေးထားလို့ရတဲ့သူတွေရဲ့
စားပွဲထောင့်စွန်းမှာ
ကြောင်တစ်ကောင်လို ခွေအိပ်ပြီး
ဘဝကို မထိပ်မလန့် ခပ်အေးအေး
ဖြတ်ကျော်ချင်တော့တာပါပဲ ။ ။
- ပြည့်စုံဝင်း
1August 4, 2026 142