အားလုံးအတွက် ဝမ်းနည်းစရာလေး ကြေငြာချင်လို့ပါ။… — RM Channel — TG.ME

Forwarded fromDODonate 4 Freedom
အားလုံးအတွက် ဝမ်းနည်းစရာလေး ကြေငြာချင်လို့ပါ။ ကျွန်တော်တို့ရဲဘော်တွေအတွက် သောက်ရေသုံးရေ အလှူခံတာ Wave ၁ သိန်းကျော်၊ K pay ၂ သိန်း ၉ သောင်းနီးပါးရခဲ့ပေးမဟ့်လည်း အလှူခံတဲ့ ဖုန်းနံပါတ်ကို Wave ရော၊ K pay ရောကနေ Freeze တာခံလိုက်ရပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ခုမှပထမဆုံးအလှူခံပို့စ်တင်တာကိုမှ ဒီလိုရသမျှပိုက်ဆံ Freeze ခံရတော့ တကယ်စိတ်မကောင်းဘူးဗျာ။ ဒါအပြင် ကျွန်တော်တို့ကို ယုံကြည်ပြီး လှူခဲ့သူတွေကိုလည်း တကယ်အားနာမိပါတယ်။ တောင်းပန်စကားလည်း ဆိုပါတယ်။ ကျွန်တော်တို့ခုလိုလာတင်တာကလည်း ယုံကြည်ပြီးလှူခဲ့တဲ့သူတွေကို ကျွန်တော်တို့လိမ်တယ်မထင်ရအောင်ပါ။ တကယ်ကြီး ယုံယုံကြည်ကြည်လှူပေးခဲ့တာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေးမယ့် ကျွန်တော်တို့လည်း ဒီလိုဖြစ်မယ်မထင်မိဘဲ ပေါ့ဆခဲ့မိတာကိုလည်း ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။ ရဲဘော်တွေ အရမ်းလိုအပ်နေတာမို့ ထောက်ပံ့ပေးချင်ခဲ့ပေးမယ့် အခုတော့ အဆင်မပြေဘူးဗျာ။
October 26, 2021 10.6K 7 2