Guardian: The Lonely and Great God 10th Anniversary (2026) ************************************************************ ပရိသတ်ကြီးတို့ ရင်ထဲမှာ ၁၀ နှစ်တိုင်တိုင် စွဲကျန်နေခဲ့တဲ့ Goblin ဒရမ်မာရဲ့ Main Cast တွေ ဖြစ်ကြတဲ့ Gong Yoo, Lee Dong-Wook, Kim Go-Eun, Yoo In-Na တို့က အထူးအစီအစဉ်လေးနဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။ ဒရမ်မာထဲမှာ အွန်းထက်က ဖယောင်းတိုင်မီးမှုတ်ပြီး မှင်စာဦးလေးကြီးကို ပထမဆုံးအကြိမ် ဆင့်ခေါ်လိုက်မိတဲ့ အထင်ကရ ရိုက်ကွင်းနေရာလေးဖြစ်တဲ့ ဂျူမွန်းဂျင်ပင်လယ် တည်ရှိရာ ဂန်းနွန်းမြို့ကို အမှတ်တရခရီး ထွက်ခွာကြမှာပါ။ နာမည်ကြီး ဇာတ်ဝင်ခန်းတွေကို ပြန်လည် သရုပ်ဖော်ပြရင်း အရင်က တစ်ခါမှ ထုတ်ဖော်မပြခဲ့ဖူးတဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကိုပါ ပြောပြပေးသွားမှာမို့လို့ ဒရမ်မာထဲကထက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ သူတို့ ၄ ဦးရဲ့ အစစ်အမှန် chemistry တွေကို ကြည့်ရှုဖို့အတွက် မှင်စာသတို့သမီးရဲ့ အမှတ်တရတွေထဲ တစ်ခေါက်ပြန်ပြီး အလည်သွားလိုက်ရအောင်နော်။ Aired: Jul 4, 2026 - ? Aired On: Saturday, Sunday Genres: Life, Documentary Episodes: 4 Original Network: tvN
33
1