RBF Plus: post #286 — TG.ME

တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက် မျှဝေဆွေးနွေးပွဲ (အွန်လိုင်း)

RBF+၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား “၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့” မှ စတင်၍ “၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့” အထိ အဆိုပြုလွှာများ ခေါ်ယူသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါ အဆိုပြုလွှာခေါ်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား “ အွန်လိုင်း (Zoom Application)” မှတစ်ဆင့် ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် အဆိုပြုလွှာလျှောက်ထားလိုသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)နှင့် စီးပွားရေးအသင်းအဖွဲ့များ အနေဖြင့် အဆိုပါအွန်လိုင်းဆွေးနွေးပွဲကို တက်ရောက်နိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ဖိတ်ခေါ်အပ်ပါသည်။

ဤအခမ်းအနားတွင်

• RBF+ ၏ လုပ်ငန်းစဉ်များ

• RBF+ တွင် ပါဝင်လျှောက်ထားနိုင်သော ဧရိယာများ

• အဆိုပြုလွှာတွင် ပါဝင်သော မေးခွန်းများနှင့် သတိပြုရမည့်အချက်များ

• ဧရိယာအလိုက် အဆိုပြုလွှာရေးသားမှုပုံစံများအား ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် မိမိနှစ်သက်ရာ နေ့ရက်ကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါသည်။

ပထမနေ့

ကျင်းပမည့်နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက် (သောကြာနေ့)

အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ

နောက်ဆုံးထား စာရင်းပေးသွင်းရမည့်ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၀၆ ရက် (ကြာသပတေးနေ့)

Zoom Meeting Link –

https://zoom.us/j/91651195538?pwd=ms3Vzskcs18LhfRQYnaho748sb7nPO.1

ဒုတိယနေ့

ကျင်းပမည့်နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် (အင်္ဂါနေ့)

အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ

နောက်ဆုံးထား စာရင်းပေးသွင်းရမည့်ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် (တနင်္လာနေ့)

Zoom Meeting Link –

https://zoom.us/j/91651195538?pwd=ms3Vzskcs18LhfRQYnaho748sb7nPO.1



တတိယနေ့

ကျင်းပမည့်နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် (သောကြာနေ့)

အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ

နောက်ဆုံးထား စာရင်းပေးသွင်းရမည့်ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် (ကြာသပတေးနေ့)

Zoom Meeting Link –

https://zoom.us/j/91651195538?pwd=ms3Vzskcs18LhfRQYnaho748sb7nPO.1



စတုတ္ထနေ့

ကျင်းပမည့်နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် (အင်္ဂါနေ့)

အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ

နောက်ဆုံးထား စာရင်းပေးသွင်းရမည့်ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် (တနင်္လာနေ့)

Zoom Meeting Link –

https://zoom.us/j/91651195538?pwd=ms3Vzskcs18LhfRQYnaho748sb7nPO.1

ပဉ္စမနေ့

ကျင်းပမည့်နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် (သောကြာနေ့)

အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ

နောက်ဆုံးထား စာရင်းပေးသွင်းရမည့်ရက် : ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် (ကြာသပတေးနေ့)

Zoom Meeting Link –

https://zoom.us/j/91651195538?pwd=ms3Vzskcs18LhfRQYnaho748sb7nPO.1

အခမ်းအနား တက်ရောက်လိုသော လူကြီးမင်းများအနေဖြင့် တက်ရောက်မည့် လုပ်ငန်းအမည်နှင့် လူအရေအတွက်အား အောက်ဖော်ပြပါလင့်ခ် (သို့မဟုတ်) ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။

စာရင်းပေးသွင်းရန်လင့်ခ်

https://docs.google.com/forms/d/1nOlMIEWbkwD3IBPsKc8vlCHBFpwBfku1Tu-no98WYDI/edit

(သို့မဟုတ်)

ဆက်သွယ်စာရင်းသွင်းရန် ဖုန်းနံပါတ် (ရုံးချိန် - နံနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်းသာ)

မဇူလီနန်းခန့် - ၀၉ ၂၆၄၉၁၈၉၁၇

မထက်လင်းလင်းအောင် - ၀၉ ၇၈၄၁၇၀၄၃၇

မပတ်ထရီနာ - ၀၉ ၇၇၃၁၈၀၈၂၇

မသီရိခိုင် - ၀၉ ၂၆၀၀၇၃၆၉၅

တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းပြောကြားသည့် အခမ်းအနား အချိန်ဇယားအားကြည့်ရှုရန် -

https://www.facebook.com/share/p/1DmgBMfpGk/?mibextid=wwXIfr
Zoom
Join our Cloud HD Video Meeting
Zoom is the leader in modern enterprise cloud communications.
❤1
July 31, 2026 548 6