RBF Plus: post #280 — TG.ME

Responsible Business Fund Plus (RBF+) ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ဖိတ်ကြားခြင်း (မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့)။
RBF+၏   တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား “၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့” မှစတင်၍ “၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့” အထိ ခေါ်ယူသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့’ တွင် မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့ များ၌ အသီးသီးကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် အနီးတစ်ဝိုက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သော တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စီးပွားရေးအသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများအား အဆိုပါအခမ်းအနားသို့ တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
 ဤအခမ်းအနားတွင်
• RBF+ ၏ လုပ်ငန်းစဉ်များ
• RBF+ တွင် ပါဝင်လျှောက်ထားနိုင်သော ဧရိယာများ
• အဆိုပြုလွှာတွင် ပါဝင်သော မေးခွန်းများနှင့် သတိပြုရမည့်အချက်များ
• ဧရိယာအလိုက် အဆိုပြုလွှာရေးသားမှု ပုံစံများအား ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါ သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသော လူကြီးမင်းများအနေဖြင့် တက်ရောက်မည့် လုပ်ငန်းအမည်နှင့် လူဦးရေအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့’ နောက်ဆုံးထား၍ အောက်ဖော်ပြပါ လင့်ခ် (Link) မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ်များသို့ ရုံးချိန် (နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီ) အတွင်း ဆက်သွယ်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
အခမ်းအနားအစီအစဉ်အသေးစိတ် (မန္တလေးမြို့)
နေ့ရက်                 : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ (အင်္ဂါနေ့)
အချိန်                  : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ
ကျင်းပမည့်နေရာ  : Hotel Hazel (မ-၆၈ / ၁, ၅၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းထောင့်၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေးမြို့)
 
အခမ်းအနားအစီအစဉ်အသေးစိတ် (တောင်ကြီးမြို့)
နေ့ရက်                 : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ (အင်္ဂါနေ့)
အချိန်                   : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ
ကျင်းပမည့်နေရာ   :  Taunggyi Hotel (သစ်တောရပ်ကွက်၊ တောင်ကြီး - ဟိုပုံးလမ်း၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်)။
 
အခမ်းအနားအစီအစဉ်အသေးစိတ် (မော်လမြိုင်မြို့)
နေ့ရက်                 : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ (အင်္ဂါနေ့)
အချိန်                  : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ
ကျင်းပမည့်နေရာ   : Royal Mawlamyine Hotel (အမှတ် ၆၄၊ ပုလဲလမ်းနှင့် အပေါ်မိန်းလမ်းထောင့်၊ မော်လမြိုင်မြို့)
                            
စာရင်းသွင်းရန်လင့်ခ် -
https://docs.google.com/forms/d/139RtZ0U0l-QqH5ATqwMezLyTDH_F4FJgblzAJg5mRyE/viewform?edit_requested=true

စာရင်းသွင်းရန်ဖုန်းနံပါတ်-
မဇူလီနန်းခန့်                      - ၀၉ ၂၆၄၉၁၈၉၁၇
မထက်လင်းလင်းအောင်  - ၀၉ ၇၈၄၁၇၀၄၃၇
မပက်ထရီနာ                     - ၀၉ ၇၇၃၁၈၀၈၂၇
မသီရိခိုင်                            - ၀၉ ၂၆၀၀၇၃၆၉၅
 
တတိယအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြသည့် အခမ်းအနား အချိန်ဇယားအား ကြည့်ရှုရန် -
https://t.me/rbfplus/258
Google Docs
Responsible Business Fund Plus (RBF+) 3rd Call for Proposals
Event name: Awareness Event for 3rd Call for Proposals Event date: July 28, 2026 Event places: Mandalay, Taunggyi, Mawlamyine
❤2
July 20, 2026 524 4