RBF Plus: post #264 — TG.ME

[English below]

Responsible Business Fund Plus (RBF+) ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ဖိတ်ကြားခြင်း ( ရန်ကုန်မြို့ )

RBF+၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား “၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ရက်နေ့” မှစတင်၍ “၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့” အထိ ခေါ်ယူသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့’ တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သော တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စီးပွားရေးအသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများအား အဆိုပါအခမ်းအနားသို့ တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဤအခမ်းအနားတွင်

• RBF+ ၏ လုပ်ငန်းစဉ်များ

• RBF+ တွင် ပါဝင်လျှောက်ထားနိုင်သော ဧရိယာများ

• အဆိုပြုလွှာတွင် ပါဝင်သော မေးခွန်းများနှင့် သတိပြုရမည့်အချက်များ

• ဧရိယာအလိုက် အဆိုပြုလွှာရေးသားမှု ပုံစံများအား ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါ သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသော လူကြီးမင်းများအနေဖြင့် တက်ရောက်မည့် လုပ်ငန်းအမည်နှင့် လူဦးရေအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့’ နောက်ဆုံးထား၍ အောက်ဖော်ပြပါ လင့်ခ် (Link) မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ်များသို့ ရုံးချိန် (နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီ) အတွင်း ဆက်သွယ်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အခမ်းအနားအစီအစဉ်အသေးစိတ်

နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ (တနင်္လာနေ့)

အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ

ကျင်းပမည့်နေရာ : MICT Park (Main Building – Conference Hall)

(တက္ကသိုလ်များ လှိုင်နယ်မြေဝန်းအတွင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။)

စာရင်းသွင်းရန်လင့်ခ် -

https://docs.google.com/forms/d/1h8QMKMFWgyWaj3QhUqS29u_UVbPwQrltYd6qBjZ5EA0/edit


စာရင်းသွင်းရန်ဖုန်းနံပါတ်-

မဇူလီနန်းခန့် - ၀၉ ၂၆၄၉၁၈၉၁၇

မထက်လင်းလင်းအောင် - ၀၉ ၇၈၄၁၇၀၄၃၇

မပက်ထရီနာ - ၀၉ ၇၇၃၁၈၀၈၂၇

မသီရိခိုင် - ၀၉ ၂၆၀၀၇၃၆၉၅


တတိယအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြသည့် အခမ်းအနား အချိန်ဇယားအား ကြည့်ရှုရန် -

https://t.me/rbfplus/258



Responsible Business Fund Plus (RBF+)

Invitation to the Awareness Event of the Third Call for Proposals (Yangon)

The Responsible Business Fund Plus (RBF+) is pleased to announce that Third Call for Proposals will officially open from 14 August 2026 to 4 September 2026.

To introduce the Third Call for Proposals and provide guidance to prospective applicants, an Awareness Event will be held on 20 July 2026 in Yangon for the first time.

We cordially invite farmers, micro, small and medium-sized enterprises (MSMEs), business associations, and other stakeholders engaged in agriculture, livestock, fisheries, and the entire agrifood value chain in Yangon Region and nearby areas to attend this event.

The information session will cover:

Overview of the RBF+ Program

Funding areas eligible for support under RBF+

Guidance on completing the proposal application form and key points to consider

Proposal preparation guidance for each funding area

Those wishing to attend are kindly requested to register their company/organization name and number of participants no later than 17 July 2026 by completing the registration form via the link below or by contacting one of the following numbers during office hours (9:00 a.m. – 5:00 p.m.).

Event Details

Date: Monday, 20 July 2026

Time: 09:30 a.m. – 12:30 p.m.

Venue: MICT Park (Main Building – Conference Hall)

(Within Universities’ Hlaing Campus, Hlaing Township, Yangon)



Registration Form

https://docs.google.com/forms/d/1h8QMKMFWgyWaj3QhUqS29u_UVbPwQrltYd6qBjZ5EA0/edit



Registration Contacts

Ms. Zule Nan Khant – +95 9 264 918 917

Ms. Htet Linn Lin Aung – +95 9 784 170 437

Ms. Patrina – +95 9 773 180 827

Ms. Thiri Khaing – +95 9 260 073 695



Event Schedule

For the program schedule of the Third Call for Proposals Awareness Event, please visit:

https://t.me/rbfplus/258
Google Docs
Responsible Business Fund Plus (RBF+) 3rd Call for Proposals
Event name: Awareness Event for 3rd Call for Proposals Event date: July 20, 2026 Event Place: Yangon
❤2
July 10, 2026 697