တာမွေမြို့နယ် သတိပဋ္ဌာန်လမ်းထဲ ဖုန်းလိုက်စစ်ပြီးအပြန် လူငယ်များကို… — Rangoon Scout Network (RSN) — TG.ME

Forwarded fromRSRSN WEB
⚫️ တာမွေမြို့နယ် သတိပဋ္ဌာန်လမ်းထဲ ဖုန်းလိုက်စစ်ပြီးအပြန် လူငယ်များကို ဆွဲခေါ်သွား

ယနေ့ စက်တင်ဘာလ ၆ ရက် နေ့လည် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ သတိပဋ္ဌာန်လမ်းနှင့် ကျားကွက်သစ်လမ်းထောင့်၌ အကြမ်းဖက်စစ်သား ၁၀ ယောက်ခန့်ရှိနေခဲ့ပြီး လမ်းသွားလမ်းလာများကို တားကာ စစ်ဆေးမေးမြန်းသည့်အပြင် ဖုန်းပါယူစစ်နေခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်အရောက်တွင် အဆိုပါနေရာအနီးရှိ ယောက်ျားလေး ၂ ဦးကို စစ်ကားပေါ် အတင်းဆွဲတင်ဖမ်းဆီးကာ မောင်းထွက်သွားကြသည်။ လူငယ်လေး ၂ ဦးမှာ အသက် ၂၀ နှစ်ဝန်းကျင်အရွယ်များဖြစ်ပြီး အင်္ကျီအဖြူဝတ်ထားကြသည်။ တရွတ်တိုက်ဆွဲခေါ်သွားကြသဖြင့် လူငယ်လေးများ၏ ဖိနပ်များ ကျွတ်ကျန်ခဲ့ကြောင်း သိရှိရသည်။

06 Sep 2026
#RangoonScoutNetwork
🤬6😢4
September 6, 2026 461 11