မင်္ဂလာတောင်ညွန့်မြို့နယ်တဝိုက် ကားလမ်းမဘေးရှိနေသူများကို လိုက်ဆွဲ… — Rangoon Scout Network (RSN) — TG.ME

Forwarded fromRSRSN WEB
⚫️ မင်္ဂလာတောင်ညွန့်မြို့နယ်တဝိုက် ကားလမ်းမဘေးရှိနေသူများကို လိုက်ဆွဲ

စက်တင်ဘာလ ၃ ရက်နေ့ ညဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တဝိုက် ကားလမ်းမဘေးရှိနေသူ ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Scout Yangon မှ သိရှိရသည်။ ည ၇ နာရီခန့်တွင် ကန်တော်ကြီးပတ်လမ်း၊ လက်ဝှေ့ရုံအနီး အမျိုးသား ၁ ဦး သွားလာနေစဉ် အရပ်ဝတ် ၃ ယောက်မှ လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့သည်။ အဆိုပါချိန်ဝန်းကျင်၌ပင် ဖို့မြေရပ်ကွက်၊ ဖို့မြေလမ်းထဲသွားလာနေသူ အမျိုးသား ၁ ဦးကိုလည်း လူတစုမှ ဖမ်းခေါ်သွားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ညနေ ၅ နာရီခွဲခန့်တွင်လည်း ကြက်ဘဲဈေးအနီး ဈေးလေးကားမှတ်တိုင်၌ ကားစောင့်နေသည့် ယောကျ်ားလေး ၁ ဦးကို Honda Fit အမဲရောင်ကားဖြင့် လူတစုမှ ဖမ်းခေါ်သွားကြောင်း သိရသည်။

ဩဂုတ်လ ၃၁ ရက် ည ၉ နာရီခန့်တွင်လည်း ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းပေါ် အောင်ဆန်းကွင်းမျက်နှာချင်းဆိုင် တိုက်နား ပလက်ဖောင်းပေါ် အရက်ထိုင်သောက်နေသည့် အမျိုးသား ၂ ဦးကို အရပ်ဝတ်ရဲများမှ ဖမ်းဆီးသွားခဲ့ကြောင်း MGTN Spring News and Scout Channel,မှ သိရှိရသည်။ ဖမ်းဆီးခံရသူ ၂ ဦးအနက် ၁ ဦးမှာ ဖဆပလရပ်ကွက်ရုံးမှဖြစ်ပြီး ၎င်းတို့အချင်းချင်းဆက်သွယ်ဖြေရှင်း၍ ပြန်လွတ်လာခဲ့ကြသည်။

Source: Scout Yangon, MGTN Spring News and Scout Channel

04 Sep 2026
#RangoonScoutNetwork
🤬4❤1
September 4, 2026 302 3