အလုပ်မှပြန်လာသည့် ညီအကို ၂ ဦးကို ကားဖြင့်ဖမ်းဆွဲပြီး မိသားစုထံမှ… — Rangoon Scout Network (RSN) — TG.ME

Forwarded fromRSRSN WEB
⚫️ အလုပ်မှပြန်လာသည့် ညီအကို ၂ ဦးကို ကားဖြင့်ဖမ်းဆွဲပြီး မိသားစုထံမှ ငွေညစ်

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တပွန်ကျေးရွာအုပ်စု၊ ပက်အင်းလေးကျေးရွာ၊ စက်ရုံတခု၌ အလုပ်လုပ်ကိုင်နေသည့် ယောကျ်ားလေး ၂ ဦး (ညီအကို) ဩဂုတ်လ ၂၅ ရက်နေ့ ည ၈ နာရီခန့်တွင် အိမ်ပြန်နေကြစဉ် တက္ကစီကားတစီးဖြင့် လူ ၂ ဦးမှ ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ထို့နောက် လူငယ်တို့၏ မိသားစုထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးထုတ်ဖို့ ပြောကြောင်း သိရသည်။

Source: Khit Thit

29 Aug 2026
#RangoonScoutNetwork
🤬5👍1🔥1
August 29, 2026 469 1