#OTT
"မီးဖိုချောင်ထဲက ဓားပဲ ကိုင်တတ်တယ် မထင်နဲ့... မိသားစုကို ထိပါးလာရင် သေနတ်ပါ ဆွဲဗျင်းတတ်တဲ့ အိမ်ရှင်မ..."
တောင်ပိုင်းကားချစ်သူတွေနဲ့ မမချော Samantha ဖန်တွေအတွက် ဇူလိုင် (၁၇) ရက်နေ့မှာ JioHotstar ကနေ ပူပူနွေးနွေး ထွက်ရှိလာတော့မယ့် Samantha ရဲ့ Badass Housewife ကာရိုက်တာနဲ့ အမိုက်စား Comeback အက်ရှင်ကားသစ်ကြီး လာပါပြီဗျာ။
ရိုးရိုးယဉ်ယဉ် အိမ်ရှင်မလေးတစ်ယောက်က ကိုယ့်ရဲ့အိမ်နဲ့ မိသားစုကို ခြိမ်းခြောက်လာတဲ့ ရန်သူတွေကို သေနတ်တကားကားနဲ့ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကြားထဲကနေ သွေးချောင်းစီး ကာကွယ်သွားမယ့် Action Thriller ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။
ပိုစတာကို မြင်တာနဲ့တင် Samantha ရဲ့ Aura Farming အပြည့်နဲ့ ဒေါသမျက်ဝန်းတွေကို မြင်နေရသလို၊ အာလူးမပါဘဲ သေနတ်သံ ဒိုင်းခနဲ ဖုန်းခနဲနဲ့ ရှယ်ကြမ်းမယ့် အက်ရှင်ခန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားကြပါဦး
ကြည့်ရှုရမဲ့ရက် ဇူလိုင်လ ၁၇ရက်နေ့ (Official HD)
#MaaIntiBangaram
#Telugu

22July 15, 2026 9.2K 14