တော်လှန်ရေးဆိုသည်မှာ ကိုယ်ကျိုးစွန့်လွှတ်မှု၊
စာနာမှုနှင့် သစ္စာတရားတို့ဖြင့် တည်ဆောက်ရသည့် သန့်စင်သောသမိုင်းတရားပင်ဖြစ်သည်။
သို့သော် ဤသမိုင်းကြီး၏ အရိပ်ကိုအသုံးချကာ ကိုယ်ကျိုးရှာနေကြသူများမှာမူ
"တော်လှန်ရေးအရေခြုံ စီးပွားရေးသမားများ"
ဖြစ်ကြသည်။
၎င်းတို့သည် တော်လှန်ရေး၏ အခက်အခဲ၊
ပြည်သူတို့၏ ရုန်းကန်မှုကို ကာဗာယူ၍ အလှူခံခြင်း၊ ရန်ပုံငွေရှာခြင်းနှင့် စီးပွားရေးလုပ်ငန်းသစ်များ ထူထောင်ခြင်းတို့ဖြင့် ကိုယ်ကျိုးဇာတ်ခုံပေါ်တွင်
ဇိမ်ခံနေကြသူများ ဖြစ်သည်။ ပြည်သူ့အလှူငွေကို ကိုယ်ပိုင်အိတ်ကပ်ထဲ သွင်းကာ
တော်လှန်ရေးကို ကုန်ပစ္စည်းတစ်ခုသဖွယ်
ရောင်းစားနေကြခြင်းပင်တည်း။
စစ်မှန်သောတော်လှန်ရေးကို သစ္စာဖောက်နေသည့်
ဤကပ်ပါးလူတန်းစားကို ဖော်ထုတ်သန့်စင်ရန်မှာ
ယနေ့အချိန်၏ အရေးကြီးဆုံး တာဝန်တစ်ရပ်
ဖြစ်ပေသည်။ မည်သည့်တော်လှန်ရေးမျှ လူတစ်စု၏ ကိုယ်ကျိုးရှာ စီးပွားရေးကွက်ကွင်း မဖြစ်သင့်ပေ။
#Vomdy
#GGyi

19
3September 1, 2026 1K