မန္တလေး❗ မန္တလေးမြို့၊​အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ကွက်တွင် ညအချိန်… — Voice Of Mandalay(Vomdy) — TG.ME

မန္တလေး

မန္တလေးမြို့၊​အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ကွက်တွင် ညအချိန် လူအင်အားအမြောက်အမြားဖြင့် ဝင်ရောက်ကာ စစ်မှုထမ်းရန်အတွက် အမျိုးသား (၄) ဦးကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

​ယမန်နေ့ည (ဩဂုတ်လ ၂၉ ရက်) ည ၁၀ နာရီအချိန်ခန့်က အဆိုပါရပ်ကွက်အတွင်းသို့ အင်အားအမြောက်အမြားဖြင့် ရောက်ရှိလာကြပြီး စစ်မှုထမ်းရန်အတွက် ဒေသခံပြည်သူ အမျိုးသား (၄) ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

​#Vomdy
Sun Aug 30

​Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။


သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
🔥16❤5👍1
August 30, 2026 2.4K 3