မန္တလေး❗ ​ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင်… — Voice Of Mandalay(Vomdy) — TG.ME

မန္တလေး


​ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက်အလိုက် တစ်အိမ်တစ်ယောက်ခေါ်ယူကာ မဲနှိုက်ခိုင်းခြင်းများ အတင်းအကျပ် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

​ဩဂုတ်လ ၂၉ ရက်နေ့၊ မနက် ၈ နာရီခွဲအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ (၁၁၀ လမ်း × ၆၆ လမ်း) ထောင့်ရှိ ရွှေဘုန်းရောင်ဘုရားသို့ တစ်အိမ်လျှင် လူတစ်ဦးနှုန်း လာရောက်ကြရန် ပျူစောထီးများက ကားဖြင့် လှည့်လည်ကြေညာအော်ဟစ်ခေါ်ယူခဲ့ပြီး စစ်မှုထမ်းမဲနှိုက်ခိုင်းခဲ့ကြောင်းသိရှိရသည်။

​ထို့အတူ အမရပူရမြို့နယ်အတွင်းရှိ ဒန်တပင်နှင့် တိုးချဲ့မှန်တန်းတို့တွင်လည်း မဲနှိုက်ခဲ့ကြပြီး၊ ကျန်ရှိနေသေးသည့် မှန်တန်း၊ ဆည်တဲ၊ ဝါးတန်းနှင့် မြေပဲတန်းတို့တွင်လည်း ယခုလကုန်ရက်များအတွင်း စစ်မှုထမ်းမဲနှိုက်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

​#Vomdy
Sun Aug 30

​Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။


သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
🔥14❤10🤬1
August 30, 2026 2.1K 1