ဗီဂျေး: post #5482 — TG.ME

" The Undertaker " (2023)

ချိယန် အဖြစ် - Tata Chatichai
ဂျိတ် အဖြစ် -Nek Naruepol

လောကရဲ့မတည်မြဲမှုတွေထဲမှာလူသားတွေလည်း အပါအဝင်ပါပဲ။ ‌မွေးဖွား၊ကြီးပြင်း၊အို၊နာ၊သေ ဆိုသလိုပေါ့။ ရွာတရွာမှာရှိတဲ့ "ပိုင်ခေါက်" ဆိုတဲ့ ကိုယ်ဝန်သည်တယောက် စိတ်ဓာတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုသတ်သေလိုက်တယ်။ သူ့ချစ်သူဟောင်းဖြစ်တဲ့ "ချိယန်"ဟာလည်း အဲ့သတင်းကြားကြားချင်း သောကမီးတွေဝေပြီး ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာသိဖို့ "ပိုင်ခေါက်"ကိုကိုယ်တိုင်မေးချင်လို့ နည်းလမ်းပေါင်းစုံကြိုးစားပါတော့တယ်။
သုဘရာဇာအလုပ်ကိုအဖေ့စိတ်ချမ်းသာအောင်လုပ်ပေးနေတဲ့ ဥပဒေကျောင်းပြီးထားတဲ့ "ဂျိတ်" ငယ်ငယ်ကတည်းက လူသေကောင်၊ သရဲတွေကိုကြောက်ပေမယ့်လို့ အဖေစိတ်ချမ်းသာမှုတခုအတွက်နဲ့ လုပ်ရင်းလုပ်ရင်း လူလောကမတည်မြဲမှုကို လက်ခံနားလည်လာခဲ့တယ်။
ချိယန်ကလည်း ပိုင်ခေါက်ကိုထိပ်တိုက်တွေ့ချင်တဲ့အတွက် သုဘရာဇာဖြစ်တဲ့ ဂျိတ်ရဲ့အဖေကို အကူအညီတောင်းရာမှာ ချိယန်တယောက် ဂျိတ်ရဲ့အကူအဖြစ် ဝင်လုပ်ခဲ့ပါတယ်။
ချိယန်နဲ့ ဂျိတ်နှစ်ယောက် လောကကြရဲ့အလုပ်လုပ်ပုံ အမှန်တရားကိုလက်ခံလာနိုင်အောင် သုဘရာဇာအလုပ်ကပဲသင်ပေးခဲ့တာလား၊ လောကဇာတ်ခုံရဲ့လှည့်ကွက်တွေကိုပဲ သူတို့နားလည်နိုင်မလား၊ ချိယန်တယောက် ပိုင်ခေါက်ကိုတွေ့နိုင်မလားဆိုတာတော့ ဒီရသစုံတဲ့ လူ့လောကအကြောင်းရိုက်ထားတဲ့ကားကို ဆက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
https://t.me/thailand2050

➡ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/thailand2050/1665

ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်‌တွေကိုJoinဖို့👇👇

https://t.me/addlist/r5oXjvrSqDwwNjQ1
❤2