ဗီဂျေး: post #5406 — TG.ME

" Shehzada " (2023)

IMDB 4.3/10

ဒီတစ်ခေါက်မှာလည်း နောက်ထပ် Remake ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ 2020 တုန်းက ထွက်ခဲ့တဲ့ တောင်ပိုင်းမင်းသား အာလူးအာဂျွန်ရဲ့ ဇာတ်ကားကို Remake လုပ်ပြီးရိုက်ထားတဲ့ ဟင်ဒီစကားပြော အချစ်အက်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း...

မြို့ရဲ့ အချမ်းသာဆုံးဆိုတဲ့လူတစ်ယောက်နဲ့ သူ့အိမ်က အိမ်တော်ထိန်းလူတစ်ယောက်တို့ရဲ့ မိန်းမတွေဟာ တစ်ချိန်ထဲမှာပဲ မီးဖွားဖို့ဖြစ်လာကြပါတယ်။ ကံဆိုးစွာနဲ့ ချမ်းသာတဲ့လူရဲ့ကလေးက အသက်မရှူဘူးလို့ သိလိုက်ရချိန်မှာ သားကို ချစ်ပြီးကောင်းစားစေချင်တဲ့ဇောနဲ့ အိမ်တော်ထိန်းဟာ သူ့ကလေးကို
သူဌေးရဲ့ကလေးအဖြစ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် ကလေးငယ်ကအသက်ပြန်ရှင်လာတဲ့အခါမှာတော့ အိမ်တော်ထိန်းဟာ ကလေးချင်းလဲခဲ့ပါတော့တယ်။ ဒီလိုနဲ့ကလေးတွေကြီးပြင်းလာတဲ့အခါမှာတော့ အိမ်တော်ထိန်းကလေးက ပေါ့ပေါ့နေပေါ့ပေါ့စားဖြစ်လာပြီး သူဌေးကြီးကလေးက ထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်လာပါတယ်။

ဖုံးထားသမျှတွေပေါ်လာတဲ့တစ်နေ့မှာ ဘာတွေဆက်ဖြစ်မှာလဲ။ အိမ်ကြီးရှင်ရဲ့စိတ်သဘောထားကရောဘယ်လိုရှိမှာလဲဆိုတာ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦးခင်ဗျာ။

➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
https://t.me/+A9fexCyT2sgwZWQ1

➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/3099312689/2780

ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်‌တွေကိုJoinဖို့👇👇

https://t.me/addlist/r5oXjvrSqDwwNjQ1
❤1