ဇာတ်လမ်းက တီရူပူရ်မြို့နားက ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဆီဗာဆာမိနဲ့ ဆာမိနသန်တို့ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့ရဲ့ ရပ်ကွက်ထဲကို ဆူမာသီဆိုတဲ့ ကောင်မလေးတစ်ယောက် ပြောင်းရွှေ့လာချိန်မှာတော့ သူတို့ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ် စမ်းသပ်ခံရပါတော့တယ်။
သူတို့နှစ်ယောက်လုံးက ဆူမာသီကို သဘောကျသွားကြပြီး ပိုဆိုးတာက ဆူမာသီကလည်း သူတို့နှစ်ယောက်လုံးကို သူ့ကိုပဲ ချစ်နေသယောင်ယောင် အထင်မှားအောင် လုပ်ထားတာပါ။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ကြားမှာ ပြိုင်ဆိုင်မှုတွေ မာနတိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ တကယ်တော့ ဘယ်သူက ဆူမာသီရဲ့ အချစ်ကို ရသွားမလဲ?? ဆူမာသီကရော ဘယ်သူ့ကို တကယ်ချစ်တာလဲ?? ပြီးတော့ နောက်ကွယ်ကနေ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်က ဘာလဲဆိုတာကို ရွာဓလေ့စရိုက်၊ ဟာသလေးတွေနဲ့အတူ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ "Kadukka" ဆိုတဲ့ စကားလုံးက ကျေးလက်ဒေသမှာ "လှည့်စားခံရသည်" လို့ အဓိပ္ပာယ်ရပါတယ်။
https://t.me/+A9fexCyT2sgwZWQ1
https://t.me/c/3099312689/2735
ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်တွေကိုJoinဖို့
https://t.me/addlist/r5oXjvrSqDwwNjQ1

