ဇာတ်လမ်းအကျဥ်း...
တာအို မော့ဒန်နဲ့ ကာတွန်းတို့ အခြောက်ညီအစ်မသုံးယောက်ဟာ သားလေးခွိုင်နဲ့အတူ ပန်ကိတ်ဆိုတဲ့ သရဲသူငယ်ချင်းကိုပါခေါ်ပြီး ဘော်ဒါကျောင်းဆောင်တစ်ခုမှာ ယာယီလာနေကြပါတယ်။ တကယ်တော့ အဲ့ဒီအဆောင်ကို “MAISON LA DOLCE VISTA” လို့ခေါ်ပါတယ်။ သူတို့ အဲ့အဆောင်ကိုရောက်လာတာကလည်း လူတစ်ယောက်က စာပေးပို့ပြီး အကူညီတောင်းလိုက်လို့ပါ။ ထူးဆန်းတာက အဲ့ကိုရောက်ရောက်ချင်းညမှာပဲ တစ်ခုခုမူမမှန်တာကို ခံစားခဲ့ရပါတယ်။ တကယ်တော့ သူတို့ထင်တဲ့အတိုင်း သရဲတကယ်ရှိနေခဲ့တာပါ။
တစ်ဖက်မှာတော့ ပန်ကိတ်အတွက် တော်တော်လေးကို ခရီးထွက်ရကျိုးနပ်သွားခဲ့ပါတယ်။ ပန်ကိတ်ဟာ အဆောင်ဘေးက ရေကူးကန်ထဲမှာ အသတ်ခံခဲ့ရတဲ့ ထန်ထောင်ဆိုတဲ့ ခပ်ဖြောင့်ဖြောင့်ကောင်လေးကိုတွေ့ပြီး ကြိုက်သွားပါတယ်။ ပြီးတော့ ထန်ထောင်သေဆုံးမှုက အဆောက်အအုံကို အပိုင်စီးအုပ်ချုပ်ထားတဲ့ အမျိုးသမီးလက်ချက်ဖြစ်နေမှန်း သိလိုက်ရပါတယ်။ အဲ့ဒီအမျိုးသမီးကလည်း ပန်ကိတ်တို့အဖွဲ့ကို သူ့လျှို့ဝှက်ချက် သိသွားမှာဆိုးတဲ့အတွက် မောင်းထုတ်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ သူများမကောင်းကြံ ကိုယ့်ဘေးရန်ထိဆိုတဲ့အတိုင်း ထန်ထောင်ကိုပါ မကောင်းဆိုးဝါးဖြစ်အောင် လုပ်မိသွားပါတော့တယ်။
https://t.me/thailand2050
https://t.me/thailand2050/1541
ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်တွေကိုJoinဖို့
https://t.me/addlist/r5oXjvrSqDwwNjQ1

