လူထုတော်လှန်ရေးမဟာမိတ်အင်အာစု (PRA-Magway)
၁၈ ရက် ဇန်နဝါရီ ၂၀၂၆ခုနှစ်
သတင်းထုတ်ပြန်ချက်
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်ဖွဲ့ဝင်များသည် ၁၆/၁၇ ရက် ဒီဇင်ဘာ ၂၀၂၅ ရက်များတွင် ငဖဲမြို့နယ်တောင်ဘက်ခြမ်းရှိ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခဲ့ပါသည်။ ဘိန်းခင်းများသည် စုစုပေါင်း ဧက (၃၀) ခန့် ရှိပြီး ဘိန်းခင်းပိုင်ရှင်ကို စုံစမ်းခဲ့သော်လည်း တိတိကျကျမသိခဲ့ရပါ။
ထို့ပြင် မိမိတို့ လှုပ်ရှားနေသည့်ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးခြင်းအပါအဝင် ရောင်းဝယ်ဖောက်ကားခြင်း၊ လက်ဝယ်သိမ်းဆည်းခြင်းများကိုလည်း ကြပ်မတ်စစ်ဆေးလျက်ရှိပါသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)
ဆက်သွယ်ရန် တယ်လီဂရမ် - @pramgyinfodesk
Telegram Channel - https://t.me/pramagway
18
1January 18, 2026 741 5


