Fire Dragon International Futsal Cup 2026 ပြိုင်ပွဲတွင် ပြည်ပဖူဆယ်ကလပ်အသင်း ၃ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်
ရန်ကုန်၊ စက်တင်ဘာ ၂
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ဦးစီးကျင်းပမည့် Fire Dragon International Futsal Cup 2026 ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ပြည်ပဖူဆယ်ကလပ် ၃ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ MFF Futsal Indoor Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ Black Steel Papua FC၊ ထိုင်းနိုင်ငံမှ Black Pearl United FC နှင့် ကမ္ဘောဒီးယားနိုင်ငံမှ Lucky FC တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/fire-dragon-international-futsal-cup-2026-ပြိုင်ပွဲတွင်-ပြည်/

2
1September 2, 2026 774 1