ဆက်ဆံပုံဟာ အဆင့်အတန်းပဲ - တုံ့ပြန်ပုံဟာ ဉာဏ်ရည်ပါပဲ” လောကမှာ… — Phoo Kyaw Zin - Future Wave — TG.ME

“ဆက်ဆံပုံဟာ အဆင့်အတန်းပဲ - တုံ့ပြန်ပုံဟာ ဉာဏ်ရည်ပါပဲ” လောကမှာ လူတိုင်းဟာ စိတ်ဓာတ်နဲ့ အသိပညာ အဆင့်အတန်းချင်း မတူကြပါဘူး။ မတူတဲ့သူတွေကို မတူတဲ့ ဆက်ဆံပုံတွေနဲ့ တွေ့ရမှာ သဘာဝပါပဲ။ သူတို့ ကိုယ့်အပေါ် ဘယ်လို ဆက်ဆံသလဲဆိုတာက သူတို့ရဲ့ "အဆင့်အတန်း" ကို ပြသတာပါ။ ကိုယ်က သူတို့အပေါ် ဘယ်လို ပြန်ဆက်ဆံသလဲဆိုတာကတော့ ကိုယ့်ရဲ့ "အဆင့်အတန်း" ပဲ ဖြစ်ပါတယ်။ အဆင့်အတန်းချင်း မတူရင် ဆက်ဆံပုံချင်း မတူပါဘူး။ မတူရင် မတူသလိုပဲ ထားလိုက်ပါ။ သူတို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသလို ကိုယ်ကလည်း လိုက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဆက်ဆံရင် ကိုယ့်အဆင့်အတန်းကလည်း သူတို့လိုအဆင့်အတန်းမျိုးပဲ ဖြစ်နေမှာပေါ့။ တချို့လူတွေရဲ့ ဆိုးရွားတဲ့ ဆက်ဆံပုံကို ဉာဏ်ရည်ရှိရှိ တုံ့ပြန်တတ်ဖို့ လိုပါတယ်။ ▪️ 31.7.2026 ©️Phoo Kyaw Zin - Future Wave #တွေးမိတက်ရေး #PhooKyawZin

July 31, 2026 660 1 5