အာဆင်နယ်အသင်းကို "အချိန်အဖြုန်းဆုံး "လို့စွပ်စွဲဝေဖန်နေကြပေမဲ့… — ဖိုးခွားလေး ‌( Football Agent ) — TG.ME

အာဆင်နယ်အသင်းကို "အချိန်အဖြုန်းဆုံး "လို့စွပ်စွဲဝေဖန်နေကြပေမဲ့ Football365 ကထုတ်ပြန်လိုက်တဲ့ စာရင်းဇယား အချက်အလက်တွေအရတော့ အဖြစ်မှန်နဲ့ လုံးဝပြောင်းပြန်ဖြစ်နေပါတယ် ။ ပေး ဂိုးသမားတွေက ဘောလုံးပြန်‌ပေးဖို့ အချိန်ဘယ်လောက်ကြာကြာယူကြလဲဆိုတဲ့ ပျမ်းမျှစက္ကန့်စာရင်းမှာ ဇယားထိပ်က မန်ယူအသင်းရဲ့ Senne Lammens က ၇.၆၈ စက္ကန့် နဲ့ ထိပ်ဆုံးက အချိန်အကြာဆုံး ယူထားပြီး ၊ ဘရိုက်တန်မှ Bart Verbruggen (၆.၅၂ စက္ကန့်) နဲ့ အဲဗာတန်မှ Jordan Pickford (၆.၅ စက္ကန့်) တို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေကြပါတယ် ။ ဝေဖန်မှုတွေခံနေရတဲ့ အာဆင်နယ် ဂိုးသမား David Raya ကတော့ ဘောလုံးပြန်‌ပေးဖို့ ပျမ်းမျှ ၃.၉၆ စက္ကန့် သာ ယူထားတာကြောင့် စာရင်းရဲ့ အောက်ဘက်နားမှာပဲ ရောက်နေပါတယ်။ ဒီကိန်းဂဏန်း အချက်အလက်တွေအရ David Raya ဟာ အခြားအသင်း ဂိုးသမား အများစုထက် ဘောလုံးကို ပိုမိုမြန်ဆန်စွာ ပေးနေတာတွေ့ရပေမဲ့ အာဆင်နယ်က အချိန်ဖြုန်းနေလွန်းတယ် ဆိုတဲ့ ပြောဆိုချက်တွေဟာ သက်သေမရှိတဲ့ စွပ်စွဲချက်သက်သက်ပဲ ဖြစ်ကြောင်း ပြသနေပါတယ်။

July 29, 2026 209