ကျွန်တော်တို့ Phat Mal Website က သမားရိုးကျ စာအုပ်ဖိုင်ဒေါင်း၊ ဖတ် ဆိုတဲ့ ပုံစံ မဟုတ်ပဲ စာဖတ်တဲ့ Community တခုကို App ထဲမှာ စုစည်းပေးထားတာပါ။
Community အနေနဲ့ မဟုတ်လည်း တဦးချင်းအနေနဲ့ ကိုယ်ဖတ်ပြီးသားစာအုပ်တွေ၊ ဖတ်လက်စ စာအုပ်တွေကို ပြန်ကြည့်လို့ ရအောင် လုပ်ထားပေးပါတယ်။
တရက်စာ ဘယ်နှစ်မိနစ် စာဖတ်မယ်ဆိုပြီး သတ်မှတ်ထားလို့ ရသလို တစ်နှစ်စာ စာအုပ် ဘယ်နှစ်အုပ် ဖတ်မယ်လို့လည်း သတ်မှတ်ထားလို့ ရပါတယ်။ ဒါက ပိုပြီး စာဖတ်ဖြစ်အောင် တွန်းအားပေးပါလိမ့်မယ်။
ပြီးတော့ Community ထဲက ဘယ်သူတွေ ဘာတွေဖတ်နေလဲ ကြည့်လို့ ရလို့ ငါလည်း ဒါလေး ဖတ်ကြည့်ဦးမယ်ဆိုတဲ့ စိတ်လေး ဖြစ်အောင် ဖန်တီးထားတာပါ။
Audio Book တွေကတော့ Server ခံနိုင်ဝန်အားကို စမ်းသပ်ဖို့လိုသေးလို့ အများကြီး ထပ်မထည့်ဖြစ်သေးပါဘူး။
ဒီ Website တွေ App တွေအတွက် Server ကုန်ကျစရိတ်၊ Website Hosting, Database ကုန်ကျစရိတ် ရှိပါတယ်။ ကျွန်တော်တို့ အိတ်စိုက် တနှစ်စာ ဝယ်ထားပြီးသားပါ။ အခု ကြော်ငြာတွေ ထည့်တာကလည်း တနှစ်ပြည့်တဲ့အချိန် ဒီကရတဲ့ ဝင်ငွေနဲ့ နောက်တစ်နှစ်စာ သက်တမ်းတိုးဖို့ပဲ သုံးမှာပါ။ Website ကြော်ငြာတွေက YouTube ချန်နယ်တွေက ရသလို ဒေါ်လာ ရာဂဏန်းရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တလ ကြော်ငြာဝင်ငွေက အများဆုံးမှ 5 USD လောက် ရတာပါ။ တလပိုင်းအတွက် 3 USD ရပါတယ်။ (ပုံကို ကြည့်ပေးပါ)။ Server ကုန်ကျစရိတ်က တလကို 10 USD ဝန်းကျင်ရှိပါတယ်။ ဘာလို့ အဲ့လောက်ပဲ ရလဲဆိုရင် Google ကပေးတဲ့ ကြော်ငြာမဟုတ်လို့ပါ။ Google က မြန်မာစာ Website တွေအတွက် ကြော်ငြာ မပေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကုန်ကျစရိတ်တွေကို တစိတ်တပိုင်း ကာမိစေလို့ နည်းနည်းခံသာပါတယ်။
ဘာလို့ Premium လုပ်လဲဆိုရင် တချို့အတွက် ကြော်ငြာက နည်းပေမယ့် ပုံမှန် ဖတ်မယ်ဆိုရင် စိတ်ရှုပ်တယ်ဆိုရင် ကြော်ငြာတွေ ပိတ်ထားလို့ ရအောင်ပါ။ တလလုံးကိုမှ လက်ဖက်ရည်တခွက်စာမရှိတဲ့ ပမာဏနဲ့ ကြော်ငြာတွေကို ပိတ်ထားလို့ ရပါတယ်။
မူပိုင်ခွင့် ကိစ္စမှာ မူပိုင်ခွင့်ပိုင်ရှင် စာအုပ်တိုက်တွေ စာရေးသူတွေကို အလွန်အားနာရပါတယ်။ စာအုပ်တွေ ဝယ်ဖို့ ဘယ်လိုမှ လက်လှမ်းမမီတဲ့သူတွေအတွက် စာဖတ်ဖြစ်ရအောင် စီစဉ်ပေးတာမလို့ နားလည်ပေးပါလို့လည်း အနူးအညွတ် တောင်းပန်ပါတယ်။
" မူပိုင်ခွင့် ပိုင်ရှင် " စာအုပ်တိုက် စာရေးသူများက ဖြုတ်ချပေးပါလို့ ပြောလာရင်လည်း ချက်ချင်း ဖြုတ်ချပေးပါမယ်။ " မူပိုင်ခွင့်ပိုင်ရှင် " စာအုပ်တိုက် စာရေးသူများရဲ့ ပြစ်တင်ပြောဆို ကြိမ်းမောင်းမှုများကိုလည်း ရိုကျိုးစွာ ခံယူဖို့ အသင့်ရှိပါတယ်။
✋ ဝန်ခံချက်
ဒီစာအုပ်တွေထဲက စာသားများဟာ မူပိုင်ခွင့်ပိုင်ရှင် စာအုပ်တိုက် စာရေးသူများရဲ့ မူပိုင်များ ဖြစ်တယ်ဆိုတာ သိရှိနားလည်ပါကြောင်းလည်း ထပ်မံဝန်ခံပါတယ်။
ဒီစာသားတွေကို Website ပေါ် သို့မဟုတ် ပုံစံတမျိုးမျိုး ပြုပြင်ပြောင်းလဲလိုက်တာနဲ့ ကျွန်တော်တို့ Phat Mal ရဲ့ မူပိုင်ဖြစ်မသွားတာကိုလည်း သိရှိနားလည်ပါတယ်။



