ယနေ့ ဖတ်စရာ 📖 သန်းခေါင်ယံလွတ်လပ်ရေး အိန္ဒိယနိုင်ငံရဲ့… — Phat Mal - ဖတ်မယ် — TG.ME

ယနေ့ ဖတ်စရာ

📖 သန်းခေါင်ယံလွတ်လပ်ရေး

အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်းကို ဇာတ်လမ်းပမာ အသေးစိတ် ခြယ်မှုန်းထားသော သမိုင်းထုပ္ပတ်စာအုပ်ကြီး။ အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ သန်းခေါင်ယံအချိန်မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့တာမလို့ မူရင်းစာရေးဆရာများက “သန်းခေါင်းယံ လွတ်လပ်ရေး” လို့ အမည်ပေးခဲ့ကြတယ်။

📚📚📚📚📚📚📚

📖 မာတင်လူသာကင်းအငယ်နှင့် ကျွန်မဘဝ

အသက်နဲ့လဲရတဲ့ ရေဆန်ခရီးကို ချီတက်ရဲသူတွေအကြောင်း ပြောကြတဲ့အခါ “မာတင်လူသာကင်း ဂျူနီယာ” ဆိုတဲ့ အမည်ဟာ ထိပ်ပိုင်းခေါင်းစီးမှာ ပါပါတယ်။ ‘ကျွန်တော် အိပ်မက်မက်တယ်’ ဆိုတဲ့ မိန့်ခွန်းနဲ့ ကမ္ဘာကျော်ခဲ့သူဟာ လူဖြူလူမည်း တန်းတူညီမျှမှု ရှိဖို့က သူ့ဘဝရဲ့ အကြီးမားဆုံး အိပ်မက်ပါ။
လူတစ်ယောက်ဟာ အသက်ဘယ်လောက်အထိ ရှင်သန်ခွင့်ရတယ်ဆိုတာထက် အသက်ရှင်နေစဉ် အချိန်မှာ ကောင်းကျိုးတွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတာက ပိုပြီး အရေးကြီးတယ် မဟုတ်ပါလား။ “မာတင်လူသာကင်း” ရဲ့ အမည်နာမဟာ နောင်မျိုးဆက်လူသားတွေရဲ့ နှလုံးသားကို အမြဲတမ်း ရိုက်ခတ်ကိုင်လှုပ် နေဦးမယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။

📚📚📚📚📚📚📚
❤5
January 25, 2026 28.7K 2