Parami Education (ပညာပါရမီ): post #2089 — TG.ME

ပညာပါရမီ သင်တန်းကျောင်းမှာ English Speaking ပဲ သီးသန့် တက်ချင်တဲ့ တစ်ချို့သူလေးတွေရှိပါတယ် 💁‍♀️ သူတို့လေးတွေအတွက် English Speaking တိုးတက်လာစေဖို့ သင်တန်းတက်တာအပြင် ဘယ်လိုမျိုး Self Study လုပ်သင့်လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ် ။ ဒီနည်းလမ်းလေးကတော့ မင် နေ့တိုင်း English စာ learning လုပ်တဲ့အခါအသုံးပြုတဲ့နည်းလမ်းလေးပါ ။ တစ်ချို့ Speaking ပိုင်းသီးသန့်လေ့လာနေတဲ့ learner လေးတို့အတွက် အဆင်ပြေတာမျိုးဖြစ်အောင် sharing လုပ်ပေးတာပဲဖြစ်ပါတယ်ရှင့် ❤️ Speaking မရတဲ့ အဓိက အကြောင်းအရာကို လေ့လာကြည့်ရင် နေ့တိုင်း English လို Conversation မလုပ်ရတာရယ် Pronunciation မရတာကြောင့်လို့ ပြောလို့လဲ ရပါတယ် ။ ဒါကြောင့် မင် ကတော့ နေ့တိုင်းကိုယ့်ဘာသာမှန်ရှေ့မှာထိုင်ပြီး စကားပြောလေ့ကျင့်ပါတယ် ။ Youtube , English Learning Channel , Apps တွေကနေ နားထောင်တယ် ပြီးရင် လိုက်ပြောတယ် ကိုယ့်အသံကို record သွင်းပြီး ပြန်နားထောင်တယ် ပြန်လေ့ကျင့်တယ်။ ဒီလိုနဲ့ English Speaking လေ့ကျင့်နေတဲ့ မင်ကတော့ အခု အရင်ကထက် သိသိသာသာတိုးတက်လာပါတယ် ။ ဒါကတော့ မင် Speaking လေ့ကျင့်တဲ့အချိန် လေ့ကျင့်တဲ့နည်းလမ်းတစ်ခုပေါ့နော် တစ်ချို့တွေအတွက် အကျိုးရှိမယ်လို့ မင်ထင်ပါတယ် 🥰 English စာအတန်းတက်ဖို့ သင်တန်းလိုက်ရှာဆို ပညာပါရမီ ကို ရွေးချယ်ဖို့ မမေ့နဲ့နော် အသေးစိတ်ဆက်သွယ်မေးမြန်းရန် - 09 797 531 717 / 09 765 612 851 #Parami_Hlaing #Speaking#Knowledge

August 7, 2025 691