YO!
ဒီနေ့ကတော့
Luffyရဲ့အမေရင်းထက်
ပိုပြီးမိခင်ဆန်တဲ့ Curly Dadanရဲ့
မွေးနေ့ဖြစ်ပါတယ်
သူ့ရဲ့အသက်က ၅၅နှစ်ရှိပါပြီ
သူမဟာ တောင်ပေါ်ဓားပြတစ်ဦးဖြစ်ပြီး
အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဥ်ီးဖြစ်ပါတယ်
Bounty 7.8millionsရှိထားသူတစ်ဦးပါ
သူမဟာ တောရိုင်းနွားသိုးအသားကိုအကြိုက်ဆုံးဖြစ်ပြီး
သွေးအမျိုးအစားကXဖြစ်ပါတယ်
အရပ်အမောင်းအနေနဲ့ ၇ပေ ၃လက်မရှိပါတယ်
Garpကိုကြောက်ရွံ့လို့
Luffyနဲ့Aceကိုစောင့်ရှောက်ခဲ့ရသူတစ်ဦးပါ
နောက်ပိုင်းမှာSaboကိုပါ
ထပ်ပေါင်းစောင့်ရှောက်ခဲ့ရပါတယ်
Dadanကအပြင်ပိုင်းမှာ
မာကြောရက်စက်ပုံပေါက်ပေမဲ့
အတွင်းစိတ်မှာLuffyတို့ကို
အမြဲစိတ်ပူနေသူပါ
သုံးယောက်သား လုံလုံခြုံခြုံအိပ်နေတာမြင်ရမှ
သူစိတ်သက်သာရာရခဲ့တာပါ
Luffyရဲ့ မလိမ်တတ်ပဲ
လိမ်တဲ့အခါဖြစ်တဲ့မျက်နှာလေးကလည်း
Dadanအဖွဲ့ရဲ့အမွေလေးတစ်ခုပါပဲ
Luffyကိုလည်း
ကိုယ့်ကိုယ်ကိုရပ်တည်နိုင်တဲ့လူတစ်ဦးဖြစ်အောင်
Dadanကသင်ပေးခဲ့ပါတယ်
ယနေ့Aug 30ကတော့
ASL သုံးဦးရဲ့မိခင်
Curly Dadanရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်
Happy birthday ပါ Dadan
Happy Birthday Mother of God.
#luca #dora

2
71
71August 30, 2026 3.4K 2 2