Review 🌟🌟🌟🌟 နတ်ဘုရားအပေါင်းတို့သည် ကြယ်တာရာကောင်းကင်ယံထက်မှ… — Ongoing - ဘာသာပြန်သိုင်းဝထ္ထု — TG.ME

Review 🌟🌟🌟🌟 နတ်ဘုရားအပေါင်းတို့သည် ကြယ်တာရာကောင်းကင်ယံထက်မှ ငုံ့ကြည့်နေကြပြီး ရှေးဟောင်းအမှောင်စွမ်းအားတို့က ချောက်နက်ကြီးအတွင်းမှ တီးတိုးရေရွတ်နေကြ၏။ ဤသည်ကား မျိုးနွယ်ပေါင်းစုံ သတ်ဖြတ်တိုက်ခိုက်နေကြကာ နတ်ဘုရားများ ပြန်လည်နိုးထလာသော ကြယ်တာရာခေတ်ကြီးဖြစ်ပြီး စုထူသည် စွမ်းရည်များကို အကန့်အသတ်မရှိ လေ့ကျင့်မြှင့်တင်နိုင်သော စနစ်တစ်ခုနှင့်အတူ ဤလောကထဲသို့ ရောက်ရှိလာခဲ့ပေသည်။ [ခန္ဓာကိုယ်ကြံ့ခိုင်မှု] မှသည် ကြယ်တာရာများကို ချေမှုန်းနိုင်သော [နတ်ဘုရားအဆင့်တက်လှမ်းခြင်း] အထိ [ကံကောင်းခြင်း] မှသည် အရာခပ်သိမ်း မိမိဆန္ဒအတိုင်းဖြစ်စေသော [ကံကြမ္မာအရှင်] အထိ [ဉာဏ်ပညာထက်မြက်မှု] မှသည် တစ်ဖက်ကမ်းသို့ ကူးမြောက်နိုင်သော [တာအိုသီးပွင့်] အထိ စုထူသည် ကြယ်တာရာကောင်းကင်ယံထက်သို့ ခြေချကာ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို အရှင်လတ်လတ် ဆွဲဖြဲပစ်လိုက်ရာ နတ်ဘုရားသွေးများ မိုးပေါက်သဖွယ် ကျဆင်းလာခဲ့၏။ ထိုအခိုက်အတန့်တွင် သူသည် တုန်လှုပ်ခြောက်ခြားနေကြသော နတ်ဘုရားများကို ကြည့်ကာ ပြောလိုက်သည်။ "အခုဆို မင်းတို့အားလုံး ငါ့ကို အစွန်းရောက်သိုင်းနတ်ဘုရားလို့ ခေါ်ရတော့မယ်..." "မူလမိခင်ဂြိုဟ်မှာတုန်းက လူတွေက ငါ့ကို အပြာရောင်ဂြိုဟ်ရဲ့ နံပါတ်တစ်ပါရမီရှင်လို့ ခေါ်ကြတယ်... ဒါပေမဲ့ အပြာရောင်ဂြိုဟ်အပြင်ဘက်ကို ထွက်လာပြီးမှပဲ ပါရမီရှင်ဆိုတာ ငါ့ကို တွေ့ခွင့်ရဖို့ အခြေခံအရည်အချင်းတစ်ခုမျှသာ ဖြစ်တယ်ဆိုတာ ငါ သိလိုက်ရတယ်..." "ပြိုင်ဘက်လား... ငါ့မှာ ဘယ်တုန်းကမှ ပြိုင်ဘက်ဆိုတာ မရှိခဲ့ဘူး..." "ငါ့တစ်သက်လုံး ပါးလွှာတဲ့ ရေခဲပြင်ပေါ် လျှောက်လှမ်းခဲ့ရတာ... မင်းတို့က မျိုးနွယ်ပေါင်းစုံရဲ့ ပါရမီရှင်တွေကို ခေါင်းပေါ်ကနေ နင်းခြေရတာ အရမ်းအရသာရှိတယ် ထင်နေကြလား... တကယ်တော့ တကယ်ပဲ အရမ်းအရသာရှိတယ်..." အထက်ပါ စကားများသည် အစွန်းရောက်သိုင်းနတ်ဘုရား စုထူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ ကောက်နုတ်ဖော်ပြချက်များ ဖြစ်ပေသည်။ 👏👏👏👏👏👏👏👏👏 👇👇👇👇👇

❤10👍1
August 26, 2026 3.1K 2