တကယ်တော့ Kikoru လေးရဲ့ အဖေနဲ့ မြန်မာနိုင်ငံက မိဘအများစု နဲ့ အတော်လေးဆင်တူတယ်
သားသမီးက ဘယ်လောက်ပဲ တော်နေတော်နေ ချီးကျူးမှုသေချာမပြသလို နွေးထွေးမှုမရှိသလို နေရင်း တော်သထက် တော်လာစေချင်တာမျိုးပေါ့။
လူတိုင်းက ကိုယ့်သွေးသားရင်းချာ တော်လာတာ ထက်မြက်လာတာကို မြင်ချင်ကြချင်တယ်ဆိုပေမယ့်
ကိုယ့်သားသမီးတွေက အလိုရှိရာကို ပုံစံသွင်းရမယ့်
ဖယောင်းရုပ်တွေ မဟုတ်ဘူးဆိုတာကို သတိမချပ်မိခဲ့တဲ့ပုံပဲ။
ရေကူးကျွမ်းတဲ့ ငါးတွေကို မျောက်တွေလို သစ်ပင်တက်ကျွမ်းစေချင်သလိုမျိုးပေါ့။
ဒါကြောင့်လည်း မြန်မာနိုင်ငံက အမြင့်ပျံရမယ့် ငှက်လေးတွေဟာ ရေနှစ်သေဆုံးကြရတာမျိုး...
#blavk
Forwarded fromAnime Outworld Myanmar ( LInk Collection
27September 5, 2026 1.3K 2 1

