ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတဲ့ ညဉ့်နက်သန်းခေါင်အချိန် ရောက်လာတိုင်း ကိုယ့်စိတ်တွေက မင်းရှိတဲ့ဆီကိုပဲ အလိုလို ရောက်ရောက်သွားမိပြန်တယ်။ လေအေးလေးတွေ တိုက်သွားရင်တောင်၊ သစ်ရွက်လှုပ်သံလေး ကြားရင်တောင် မင်း တိုးတိုးလေး ရယ်နေသလိုမျိုး ထင်ယောင်ထင်မှားဖြစ်ရတာ ညတိုင်းလိုလိုပါပဲ။ ကောင်းကင်က ကြယ်တွေကို ငေးကြည့်ရင်း မျက်လုံးမှိတ်လိုက်တိုင်း မင်းမျက်နှာလေးက အတိုင်းသား ပေါ်လာတတ်လို့ “ဒီညလည်း မင်းကို လွမ်းမိပြန်ပြီ” လို့ပဲ ရင်ထဲကနေ တိုးတိုးလေး ရေရွတ်မိတယ်။
1
1August 5, 2026 66 1