တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးကို ဖော်ဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
================================
တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရန်အတွက် တပ်မတော်ပညာရေးကျောင်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အခြေခံပညာရေးမှသည် အဆင့်မြင့်ပညာရေးအထိ သင်ကြားအောင်မြင်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းထမ်းရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
8






