🎉🙏 မိတ္ထီလာရဲ့ သမိုင်းဝင် ဖောင်တော်ဦးဘုရားပွဲတော် ပြန်လည်ရောက်ရှိလာပြီ
မိတ္ထီလာမြိုရဲ့ (၁၄၃) ကြိမ်မြောက် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကို စက်တင်ဘာ ၁၉ ရက်မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို သိရပါတယ်။ 🙏
ဘုရားပွဲ၊ ဈေးဆိုင်တန်းတွေ၊ ချားရဟတ်နဲ့ ပျော်ပွဲရွှင်ပွဲတွေ အပြင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ နဲ့ ဆွမ်းသပိတ်လောင်းလှူပွဲ တွေလည်း ပါဝင်မှာဖြစ်လို မိတ္ထီလာမြိုရဲ့ ရိုးရာအငွေ့အသက်နဲ့ စည်ကားမှုကို ခံစားနိုင်မယ့် ပွဲတော်ကြီးတစ်ခု ဖြစ်လာမှာပါ။ ✨
📅 စက်တင်ဘာ ၁၉ – ၂၉ ရက်
📍 မိတ္ထီလာမြို၊ ဖောင်တော်ဦးစေတီတော်အနီးတဝိုက်
မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ဘုရားဖူးရင်း ပွဲတော်အငွေ့အသက်လေး ခံစားဖို အချိန်ပေးထားလိုက်ကြရအောင်နော်။ ❤️
7
6
