ကိုလှရွှေ (သတင်းမှန်): post #40141 — TG.ME

ညအချိန်ခရီးသွားသည့် ပြည်သူ ၄ ဦးကို မကွေး PDF များက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ရာမှ တစ်ဦးပွဲချင်းပြီးသေဆုံးကာ ၃ ဦး ဒဏ်ရာရ
============================
ညအချိန်ခရီးသွားသည့် ပြည်သူလေးဦးကို မကွေး PDF များက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ရာမှ တစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦး ဒဏ်ရာရပွင့်ဖြူမြိုနယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းရရှိသည်။

NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၉ ရက် ည ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြိုနယ်ပြည်သူ့ဆေးရုံကြီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ထိုနေ့ည ၇ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုသစ်မြိုနယ်၊ တယ်ပင်စမ်းကျေးရွာနေသူများ ဖြစ်ကြသည့် ဦးထင်လင်းအောင်(၃၁)နှစ်၊ ဦးလင်းကြည်(၄၀)နှစ်၊ ဒေါ်စန်းစန်း(၅၇)နှစ်နှင့် ဒေါ်ဝင်း(၅၂)နှစ်တိုသည် မကွေးမြိုမှ မြိုသစ်မြိုဘက်သို မကွေး - နတ်မောက် ကားလမ်းအတိုင်း မော်တော်ယာဉ် တစ်စီးဖြင့် ထွက်ခွာလာစဉ် မကွေးမြိုနယ်၊ ကြာကန်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား (စိစစ်ဆဲ)က သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေါ်စန်းစန်းတွင် ကျည်ထိမှန်ဒဏ် ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ဝင်း၊ ဦးထင်လင်းအောင်နှင့် ဦးလင်းကြည်တိုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
🔥2🤣1