နီပေါနိုင်ငံမြောက်ပိုင်း ရာဆူဝါခရိုင်နှင့် အနီးဒေသများတွင် ယနေ့… — ကိုလှရွှေ (သတင်းမှန်) — TG.ME

နီပေါနိုင်ငံမြောက်ပိုင်း ရာဆူဝါခရိုင်နှင့် အနီးဒေသများတွင် ယနေ့ နံနက်ပိုင်းက ရုတ်တရက်ရေကြီးမှုကြောင့် လူအနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများပြားကြောင်းသိရသည်။

ဘိုတေကိုရှီမြစ်လျှောက် ကျေးရွာများ၊ လမ်းများ၊ တံတားများနှင့် ရေအားလျှပ်စစ်စီမံကိန်းများပျက်စီးခဲ့ပြီး ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်သွား
သည့်အပြင် ရာဆူဝါခရိုင်ရှိ ၂၀ မဂ္ဂါဝပ် လန်တန်ခိုလာ ရေအားလျှပ်စစ်စီမံကိန်း လုံးဝပျက်စီးခဲ့ကြောင်း သိရသည်။

ရေကြီးမှုသည် တိဘက်ဘက်ခြမ်း၌ ရေခဲပြိုကျမှုကြောင့် လှန်ဒီမြစ်ရေစီးကြောင်း ပိတ်ဆို့ရာမှ ရုတ်တရက် အရှိန်ပြင်းစွာ ပြန်စီးလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း မိုးလေဝ သပညာရှင်များက ကနဦးသုံးသပ်ကြသည်။ ရာဆူဝါခရိုင်ရှိ ဆျာပရူဘေစီးနှင့် တီမူရေးနယ်မြေများတွင် ရေများမြင့်တက်နေဆဲဖြစ်သဖြင့် ကယ်ဆယ်ရေးရဟတ်ယာဉ်များ ဆင်းသက်ရန် ခက်ခဲနေကြောင်း သိရသည်။
😢2❤1
August 26, 2026 166 2