နီပေါနိုင်ငံ ရာဆူဝါ (Rasuwa) ဒေသ တိဘက်နယ်စပ်အနီးမှ စတင်ဆင်းသက်လာသည့် ရုတ်တရက် ရေအားပြင်းထန် ရေကြီးရေလျှံမှု (Flash flood) သည် တရီးရှူးလီး (Trishuli) မြစ်ကြောင်းအတိုင်း ဒလဟော စီးဆင်းလာခဲ့ပြီးနောက် ချစ်တဝမ် (Chitwan) ခရိုင်ရှိ နာရာယန်ဂတ် (Narayanghat) မြိုဧရိယာသို ရောက်ရှိဖြတ်သန်းသွားခဲ့ပြီဖြစ်ပါသည်။
အုပ်ချုပ်ရေးအဖွဲများ၏ ထုတ်ပြန်ချက်အရ နာရာယန်ဂတ်ဒေသသို သစ်တုံးများနှင့် နှုန်းနွံများပါဝင်သော ရေစီးကြောင်း ရောက်ရှိဖြတ်သန်းသွားခဲ့သော်လည်း ထိုဒေသတွင် လူနှင့် အဆောက်အအုံ ထိခိုက်ဆုံးရှုးမှုမရှိသေးဘဲ အမြင့်ဆုံးသတိပေးချက်ဖြင့် စောင့်ကြည့်နေဆဲဖြစ်ပါသည်။
သိုသော်လည်း ရေကြီးမှု စတင်ခဲ့သည့် နီပေါအထက်ပိုင်း ရာဆူဝါနှင့် နုဝါကုတ် (Nuwakot) ခရိုင်များတွင်မူ ကပ်ဘေးဆိုးကြီးကြောင့် သေဆုံးသူ ၉၅ ဦးထက်မနည်း ရောက်ရှိလာပြီး အိန္ဒိယဘုရားဖူးများနှင့် နိုင်ငံခြားသားခရီးသွားများ အပါအဝင် လူ ၃၈၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိပါသည်။
5August 26, 2026 91