Made in Korea Season 2 (2026)အပိုင်းသစ် (၅+၆)ရပါပြီ
Hyun Bin , Jung Woo-Sung, Woo Do-Hwan အစရှိတဲ့ ထိပ်တန်းမင်းသားတွေ အဓိက ပါဝင်ထားတဲ့ Made In Korea စီးရီးလေးကတော့ Season 2 ထွက်ရှိလာပြီဖြစ်ပါတယ်။
ဒီတစ်ခေါက် S2 မှာတော့ S1 ဇာတ်အိမ်အပြီး ၉ နှစ်အကြာ ၁၉၇၉ ခုနှစ် ၊ 10.26 သမ္မတ ဘတ်ဂျောင်ဟီး လုပ်ကြံခံရမှုကနေစလို့ 12.12 စစ်အာဏာသိမ်းမှုအတွင်း အချိန်ကာလကို နောက်ခံထား ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့...
မှောင်ခိုစီးပွားရေးနဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ကြား ကျင်လည်နေခဲ့တဲ့ ဘဲ့ဂီထယ် (Hyun Bin) ဟာဆိုရင် ၁၀.၂၆ သမ္မတလုပ်ကြံခံရမှုအပြီးမှာ ဗဟိုထောက်လှမ်းရေးအဖွဲ့ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ ညွှန်ချုပ်အဖြစ် ယာယီတာဝန်ယူရဖို့ ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဘဲ့ဂီဟျွန်း (Woo Do-Hwan) က ဒုဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးလာပြီး စစ်တပ် လုံခြုံရေးတပ်ဖွဲ့ကနေ ဖွဲ့စည်းလိုက်တဲ့ ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်ဆီ အထူးအကြံပေးအနေနဲ့ ရောက်ရှိလာတဲ့ ဂျန်ဂွန်းယောင်း (Jung Woo-Sung) နဲ့အတူ ပူးပေါင်းပြီး အစ်ကိုဖြစ်သူ ဘဲ့ဂီထယ်ရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းကို တားဆီးရမလား... ဒါမှမဟုတ် မိသားစုဝင်အနေနဲ့ ကာကွယ်ပေးရမလားဆိုတာ
နှစ်ဖက်ကြားညှပ်ပြီး တွေဝေရခက်လာတဲ့အခါ...
The Man Standing Next , 12.12: The Day ရုပ်ရှင်တွေနဲ့ ပရိသတ်တွေ ရင်းနှီးထားကြပြီးသား သမိုင်းဝင်ဖြစ်ရပ်မှန်များအပေါ်မှာ အခြေခံပြီး ထိုစဉ်က အဖြစ်အပျက်တွေထဲမှာ တိုက်ရိုက်မပါဝင်ခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေရဲ့ ရှုထောင့်ကနေ ဇာတ်အိမ်ကို ဘယ်လို ဖြေချပြသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်အားပေးကြပါဦးရှင်...
https://t.me/addlist/AdS4FqrIySI1OTI1
https://t.me/addlist/AdS4FqrIySI1OTI1
https://t.me/addlist/AdS4FqrIySI1OTI1
အပေါ်ဆုံးက

