အဓိကပြဿနာက စကားလုံးတွေကို “ကျက်ရုံပဲကျက်ပြီး လက်တွေ့မသုံးလို့” ပါပဲ။
Vocabulary တစ်ခုရဲ့ Meaning ကို အလွတ်ကျက်ထားရုံနဲ့ စကားပြောတဲ့အခါ သဘာဝကျကျ ချက်ချင်းထွက်မလာနိုင်ပါဘူး။
ကျက်တာထက် “အသုံးပြုတာ” က ဘာလို့ပိုထိရောက်တာလဲ
ဥပမာ “Get away from it all” ဆိုတဲ့ အသုံးအနှုန်းကို လေ့လာလိုက်တယ်ဆိုပါစို့။
Get away from it all
→ အမောပြေ ခေတ္တခဏ အပန်းဖြေခရီးထွက်သည်။
အဓိပ္ပာယ်ပဲ အလွတ်ကျက်ထားရင် စကားပြောတဲ့အခါ ဒါမှမဟုတ် စာရေးတဲ့အခါ ချက်ချင်းခေါင်းထဲ ပေါ်မလာတတ်ပါဘူး။
ဒါကြောင့် Vocab တွေလေ့လာပြီးတဲ့အခါတိုင်း ကိုယ်တိုင်၊ သို့မဟုတ် စာအုပ်ထဲချရေးပြီး exerciseလုပ်တာပဲဖြစ်ဖြစ် practice အနေနဲ့အသုံးပြုပြီး conversation တွေထဲမှာထည့်ပြီးအသုံးပြုနိုင်ပါတယ်။
Vocabulary for the day
Topic : Travel and Tourism ✈️
▫️Get away from it all
(Go somewhere relaxing for a break)
▫️Go sightseeing
(Visit interesting buildings and places as a tourist)
▫️Once a lifetime
(Unique and unrepeatable)
▫️Feel homesick
(Be sad because you miss your home and family)
▫️Culture shock
(feeling of confusion or distress when visiting a different place or culture)
ဒီ vocabulary လေးတွေကိုအသုံးပြုကြည့်ပါ။ အစမ်းပြောကြည့်ပါ။ စာကြောင်းတွေရေးဖွဲ့ကြည့်ပါ။ ကျက်ခြင်းကိုရှောင်ကျဉ်ပြီး လေ့ကျင့်ခြင်းနဲ့မှတ်ခြင်းကိုသာဦးစားပေးပါ။ 💜🤍
Knowledge Sharing by
Tr. Maria — English Department
#NEF #English
#Language #Learning
#Method #Knowledge



