တရုတ်နိုင်ငံBingzhouမြို့နားမှာဖြတ်သန်းသွားတဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတ… — မင်းရဲကျော်စွာ — TG.ME

တရုတ်နိုင်ငံBingzhouမြို့နားမှာဖြတ်သန်းသွားတဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေရှိပါတယ်။အဲ့ဒီမြို့အနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့လူတွေကတစ်ခြားလူတွေထက်မီတာခတို့၊လောင်စာခတို့အများကြီးအကုန်အကျသက်သာကြပါတယ်။

ဘာကြောင့်လည်းဆိုတော့သူတို့တွေကတစ်ခြားလူတွေလိုမျိုးအစိုးရကိုအခွန်ပေးပြီးမီးတို့၊လောင်စာတို့ကိုသုံးတာမဟုတ်ဘဲပိုက်လိုင်းထဲကသဘာဝဓာတ်ငွေ့တွေကိုခိုးသုံးကြလို့ပါပဲ။အိမ်မှာဓာတ်ငွေ့လိုအပ်လာပြီဆိုတာနဲ့သူတို့တွေအဝေးပြေးလမ်းနားမှာရှိတဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးဆီသွားပြီးတော့ငါးမီတာလောက်ရှည်တဲ့ပလတ်စတစ်အိတ်ကြီးတွေထဲသဘာဝဓာတ်ငွေ့တွေခိုးထည့်လိုက်ပြီးအိမ်ကိုပြန်သယ်သွားကြပါတယ်။အိမ်ရောက်တော့မှပဲအဲ့ဒီအိတ်ကြီးထဲကဓာတ်ငွေ့တွေကိုဂတ်စ်မီးဖိုတွေဘာတွေနဲ့ချိတ်ပြီးတော့ပြန်သုံးကြတယ်လို့ သိရပါတယ်။ကြည့်ရတာ ရယ်စရာတော့ကောင်းပေမယ့်မတော်တဆတစ်ခုခုများဖြစ်ခဲ့ရင်တော့ပျက်စီးဆုံးရှုံးမှုဘယ်လောက်တောင်ကြီးမလည်းဆိုတာမတွေးနိုင်လောက်အောင်ပါပဲ။
October 2, 2026 147