သထုံမြို့တွင် ရထားနှင့် ကားတိုက်မှုဖြစ်ပွား ယနေ့ စက်တင်ဘာလ ၁၉ ရက်၊… — မင်းရဲကျော်စွာ — TG.ME

သထုံမြို့တွင် ရထားနှင့် ကားတိုက်မှုဖြစ်ပွား

ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီးတွင် ရန်ကုန်-မော်လမြိုင် ရထားသံလမ်းကူးနေရာ၌ ရထားနှင့် ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရထားနှင့်တိုက်မိခဲ့သည့် ကားမှာ Light Truck အမျိုးအစားဖြစ်ပြီး ဆင်ဖြူကျေးရွာဘက်မှ ပေါ်တော်မူကျေးရွာဘက်သို့ မောင်းနှင်လာစဉ်တိုက်မိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကြောင့် ကားမှာ လမ်းဘေးသို့ကျရောက်ခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မင်းရဲကျော်စွာ
👍2
September 19, 2026 753 3