အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ၊ခရီးသည် ၁၇၀၀၀၀ ကျော် သောင်တင်နေ… — မင်းရဲကျော်စွာ — TG.ME

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ၊ခရီးသည် ၁၇၀၀၀၀ ကျော် သောင်တင်နေ
===========================
အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲပြီး မီးတောင်ပြာတွေ လေထုမှာ ပျံ့နှံ့နေတာကြောင့်ဂျကာတာမြို့ရဲ့ အဓိက နိုင်ငံတကာ လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေကို အာဏာပိုင်တွေက ယာယီ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသတွင်းက လေဆိပ်ငယ် ၈ ခုကိုလည်း ပိတ်ထားရပါတယ်။
လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရတာကြောင့် ခရီးသည် သောင်းနဲ့ချီ လေဆိပ်တွေမှာ သောင်တင်နေကြပါတယ်။
အနက်ခ် ခရတ်ကာမီးတောင်ဟာ သောကြာနေ့က စပြီး ပေါက်ကွဲ လာခဲ့တာဖြစ်ပြီး အဲဒီမီးတောင်ဟာ အသစ်ပေါ်ပေါက်လာတဲ့ မီးတောင်တစ်ခုဖြစ်ပါတယ်။
၁၈၈၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အလွန်ပြင်းထန်တဲ့ ခရတ်ကာတောင် မီးတောင် ပေါက်ကွဲမှုကြီး နောက်ပိုင်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
👍2
September 7, 2026 159