လုံးချင်းဝတ္ထုကြီးတွေ ဖတ်ဖို့ စိတ်အဆင်မပြေဘူးတို့.. အာရုံစူးစိုက်လို့… — NDSP Book — TG.ME

လုံးချင်းဝတ္ထုကြီးတွေ
ဖတ်ဖို့ စိတ်အဆင်မပြေဘူးတို့..
အာရုံစူးစိုက်လို့ မရဘူးတို့ဆိုပြီး
ပြောလာသမျှ စာဖတ်သူတွေကို
ဆရာမင်းလူရဲ့
ရယ်မောခြင်းပေါင်းချုပ်ကြီးကို
ညွှန်းဆိုလေ့ရှိပါတယ်။

ကလိထိုးဟာသတွေ မပါ။
ရှုပ်ထွေးပွေလီမှုတွေ
လှို့ဝှက်ဆန်းကြယ်မှုတွေ
ဖြစ်ရပ်ဖူးခြားတွေ ဘာမှမပါ။

သဘာဝကျတဲ့ ရသတွေနဲ့
သဘာဝကျတဲ့ အရေးအသားတွေနဲ့
ရယ်မောခြင်း ပေါင်းချုပ်ကြီး…

ဆရာ့မွေးနေ့အမှတ်တရအဖြစ်
ပြန်ဖတ်ကြည့်သင့်ပါကြောင်း

#minlu
#ndspbook
#WeDistribution
#bestseller
#YangonBookPlaza
❤40
May 17, 2026 2.9K 6