အီရန်ထံမှ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် အစ္စရေးဝန်ကြီးချုပ်… — U Nay Win🇲🇲 — TG.ME

အီရန်ထံမှ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ သားဖြစ်သူအား အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ အစ္စရေးရှင်ဘက် (Shin Bet) လုံခြုံရေးအဖွဲ့ အရေးပေါ် ပြန်လည်ခေါ်ထုတ်

အီရန်ထံမှ "ကြီးမားသော ခြိမ်းခြောက်မှု" ကြောင့် ယာအာ နေတန်ယာဟု (Yair Netanyahu) ကို အစ္စရေးသို့ ချက်ချင်းပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ နေထိုင်ရာနေရာမှ အရေးပေါ် ခေါ်ထုတ်ခဲ့ရကြောင်း အစ္စရေးလုံခြုံရေးအဖွဲ့ ရှင်ဘက် (Shin Bet) က အတည်ပြုခဲ့သည်။

သတင်းဖော်ပြချက်များအရ ယာအာကို ချက်ချင်းထွက်ခွာရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကိုပင် မယူနိုင်ဘဲ ထွက်ခွာခဲ့ရသည်။

ယာအာသည် ဂါဇာစစ်ပွဲမစမီကတည်းက မိုင်ယာမီမြို့ပြင်ရှိ အဆင့်မြင့် ကွန်ဒိုတစ်ခုတွင် နေထိုင်ခဲ့ပြီး အမေရိကန် အခွန်ထမ်းများ ဘဏ္ဍာငွေဖြင့် ထောက်ပံ့ထားသော ရှင်ဘက်အဖွဲ့၏ လုံခြုံရေးစောင့်ရှောက်မှုကို ရယူနေခဲ့သူ ဖြစ်သည်။

ယာအာ၏ ကိုယ်ပိုင်ယာဉ်မောင်းနှင့် လုံခြုံရေးအဖွဲ့ စရိတ်အပါအဝင် ၎င်း၏ နေထိုင်မှုစရိတ်မှာ အခွန်ထမ်းပြည်သူများ၏ ဘဏ္ဍာငွေထဲမှ တစ်နှစ်လျှင် ဒေါ်လာ ၇ သိန်းခန့် ကုန်ကျကြောင်း အစ္စရေးမီဒီယာများက ဖော်ထုတ်ထားသည်

#NOM
👍30❤9😱3
August 30, 2026 2.2K 1
အီရန်ထံမှ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် အစ္စရေးဝန်ကြီးချုပ်… — U Nay Win🇲🇲 — TG.ME